All in One: Android ဖုန်းဘားတန်းမှာ Root မလိုပဲကာလာအစုံအသုံးပြုနိုင်မယ့် App

Friday, July 29, 2016

Android ဖုန်းဘားတန်းမှာ Root မလိုပဲကာလာအစုံအသုံးပြုနိုင်မယ့် App


ပုံထဲမှာတွေ့တဲ့အတိုင်း ဖုန်းရဲ့အပေါ်ဘားတန်းလေးကို ဒီဇိုင်းလှလှလေးနဲ့ထားလို့ရတဲ့အပြင်
ဓာတ်ပုံထည့် ကာလာထည့်ပြုလုပ်လို့ရပါတယ်။
သဘောကျလို ပြန်လည်မျှဝေလိုက်ပါတယ်။
အသုံးပြုရတာလည်းလွယ်ကူပြီး ဖုန်းမှာ Root မရှိလည်းသုံးလို့ရပါတယ်။
App ရဲ့ဖိုင်ဆိုဒ်ကလည်း 5 MB ပဲရှိပါတယ်။

အသုံးပြုနည်းလေးကို ဖတ်လိုက်ရအောင်....
ဆော့ဝဲလ်ထဲဝင်ပါ။
ဆော့ဝဲလ်ထဲဝင်ဝင်ချင်းတွေ့တဲ့ Enable Color Status Bar ဆိုတဲ့ခလုတ်လေးကို အမှန်ပေးရမှာပါ။
အဲ့ဒီအတွက် နှိပ်လိုက်ပါ :)


ပြီးရင်အောက်ကပုံလိုရောက်သွားပါလိမ့်မယ်။
အဲ့ဒီကောင်ကိုအမှန်ခြစ်ပေးရမှာပါ။
ဒါကြောင့်သူ့ကိုနှိပ်ပေးလိုက်ပါ။


အောက်ပါပုံလိုအမှန်ခြစ်သွားပြီဆိုရင်ရပါပြီ။
Back Key နဲ့ပြန်ထွက်ခဲ့လိုက်ပါ။


အပေါ်ကခလုတ်နှစ်ခုဖြစ်တဲ့ Settings နဲ့ Themes နှစ်ခုတည်းက 
Themes ကိုနှိပ်လိုက်ပါ။
အဲ့ဒီမှာအသင့်သုံးဖို့လုပ်ပေးထားတဲ့ Theme တွေရှိပါတယ်။
အဲ့ဒါတွေကိုမသုံးချင်ပဲ ကိုယ်တိုင်ကြိုက်တဲ့အရောင်နဲ့ဒီဇိုင်းနဲ့လုပ်ချင်ရင်လည်း
Add Your thems! ဆိုတာလေးကိုနှိပ်ပြီး စိတ်ကြိုက်ကာလာနဲ့ပုံနဲ့ထည့်ပြီးအသုံးပြုလို့ရပါတယ်။


အောက်ပုံကတော့ပါပြီးသား Pink ဆိုတဲ့တစ်ခုကိုသုံးလိုက်တာပါ။
Pink ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ ပုံမှာမြင်ရတဲ့အတိုင်းအရောင်တွေအကုန်လုံး
ပန်းရောင်ဖြစ်သွားပါတယ်။


Noti ဘားမှာလည်းအောက်ကပုံလိုမျိုး အရောင်ပြောင်းသွားတာကို
တွေ့ရပါလိမ့်မယ်။


အောက်ကပုံကတော့ Material dark ဆိုတဲ့ Themes ကိုသုံးလိုက်တာပါ။


အားလုံးဘဲ သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
ဆော့ဝဲလ်လေးကိုတော့အောက်မှာဒေါင်းယူလိုက်ပါ။



Download File Here!



Thank You :)

No comments:

Post a Comment