All in One: MTK Device ဆိုတာဘာလဲ! မိမိရဲ့ဖုန်းဟာ MTK Device ဟုတ်မဟုတ်စစ်နည်း

Friday, July 29, 2016

MTK Device ဆိုတာဘာလဲ! မိမိရဲ့ဖုန်းဟာ MTK Device ဟုတ်မဟုတ်စစ်နည်း


MTK Android Device ဆိုတာကို ပြောနေကြတာကြားကြမယ်လို့ထင်ပါတယ်။
သိတဲ့သူတွေလည်း ရှိသလို၊ မသိသေးတဲ့သူတွေလည်းရှိမှာပါ။
ကျွန်တော်တင်တဲ့ပို့စ်တွေမှာလည်း MTK Device,
MTK Android Device ဆိုပြီးအလွယ်ရေးပြီးသုံးလိုက်ပါတယ်။
MTK ဆိုတာကေတာ့ MediaTek လို့ခေါ်တဲ့ Android CPU Chipset ကိုရည်ညွန်းခြင်းဖြစ်ပါတယ်။
MTK ဆိုတာ MediaTek ကိုအတိုကောက်ခေါ်ထားခြင်းဖြစ်ပါတယ်။
MTK Android processor တွေဟာ Dual Core အဆင့်ရှိပြီး
ဈေးနှုန်းချိုသာပြီး အရည်အသွေးသိပ်မမြင့်တဲ့ Android CPU တွေဖြစ်ပါတယ်။
အရည်အသွေးမြင့်မားလှတဲ့ CPU Chipset မဟုတ်ပေမယ့် Speed ပိုင်းမှာရော ၊
Graphic ပိုင်းမှာရော အရည်အသွေးမြင့် processor များကိုယှဉ်နိုင်အောင်ပြုလုပ်ထားပါတယ်။
MTK Processor တွေကို အရည်အသွေးနိမ့် Android Phone/Tablet များ (Clone ဖုန်းများ) မှာ
အများဆုံးအသုံးပြုပါတယ်။
ခုနောက်ပိုင်း MTK Processor တွေလည်းအခြား အရည်အသွေးမြင့်မားလာတာကိုတွေ့ရပါတယ်။
တရုတ်ကထုတ်တဲ့ China Clone ဖုန်းတွေအများဆုံးသုံးကြပါတယ်။
MTK Processor တွေကိုတရုတ်ဖုန်းတွေအများဆုံးသုံးကြတယ်လို့ဆိုပေမယ့်
ယခုအခါမှာတော့ နာမည်ကြီးဖုန်းအမှတ်တဆိပ်တွေမှာလည်း အများအပြားသုံးလာကြပါပြီ။
MTK processor သုံးထားတဲ့လူသုံးများ Android ဖုန်းတော်တော်များများရှိပါတယ်။
i Mobile Lava Iris , CoolPad , Lenovo ZTE , LG , Samsung နဲ့အခြားဖုန်း
တော်တော်များများမှာသုံးကြပါတယ်။
ကျွန်တော်သိသလောက်ပဲပြောပြပေးလိုက်တာပါ။
ကျွန်တော်ပြောတာတွေအားလုံးတော့မပြည့်စုံသေးပါဘူး လိုအပ်တာလေးတွေရှိနိုင်ပါသေးတယ်။
ဒါပေမယ့်စာဖတ်သူ အနည်းငယ်တော့ နားလည်သွားပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မိမိကိုင်နေတဲ့ Android ဖုန်းဟာ MTK ဖုန်းလား အခြားဘာဖုန်းလဲသိချင်ရင်တော့
Play Store ကေန CPU-Z ဆိုတဲ့ App ကိုဒေါင်းပြီးစစ်ဆေးနိုင်ပါတယ်။
ဖိုင်ဆိုဒ်ကလည်း 1MB ကျော်ကျော်ပဲရှိပါတယ်။
ကျနော်အောက်မှာလင့်ချပေးထားပါတယ်။
Play Store အဆင်မပြေတဲ့သူများအတွက်ပါ pCloud လင့်ပါပေးထားပါတယ်။
CPU-Z App နဲ့ဖုန်းရဲ့အချက်အလက်အားလုံးကို ကြည့်ရူ့စစ်ဆေးနိုင်ပါတယ်။

အောက်ကပုံမှာ ကျွန်တော်ကိုင်တဲ့ဖုန်းပါ။
ထိုင်းကထုတ်တဲ့ Lava Iris ပါ။ သူလည်း MTK Processor ကိုသုံးထားပါတယ်။
ပုံထဲကလို လိမ္မော်ရောင်၊ အပြာရောင်နဲ့ MEDIATEK လို့ပေါ်လာခဲ့ရင်တော့
သင့်ဖုန်းလည်း MTK ဖုန်းတစ်လုံးပါပဲ.....




Download File Here!



Thank You :)

No comments:

Post a Comment