All in One: KingRoot
Showing posts with label KingRoot. Show all posts
Showing posts with label KingRoot. Show all posts

Sunday, July 31, 2016

KingRoot ကွန်ပျူတာဗားရှင်းကိုအသုံးပြုပြီး Android ဖုန်းများ Root လုပ်နည်း


အခုတင်ပြသွားမှာကတော့ KingRoot ကွန်ပျူတာဗားရှင်းကိုအသုံးပြုပြီး
Android ဖုန်းတွေကို Root လုပ်တဲ့နည်းပါ။
ကွန်ပျူတာအတွက်ဆိုတော့ ဖုန်းက Kingroot App ထက်ပိုသာမှာအမှန်ပါ။
ဒါကြောင့်ဖုန်းက App နဲ့ဖောက်လို့မပေါက်ရင် ဒီကွန်ပျူတာကဗားရှင်းနဲ့
ဖောက်ကြည့်ပေးဖို့လိုအပ်ပါတယ်။ မရမှတခြား Root Tool တွေသုံးကြည့်ပေါ့။
အခုဒီ Tutorial လေးကတော့ နားလည်တတ်သိပြီးသားသူများအတွက်တော့မလိုအပ်ပေမယ့်
ခုမှစလေ့လာနေတဲ့သူတွေအတွက် လွယ်လွယ်ကူကူအသေးစိတ်လေ့လာနိုင်အောင်လို့
ပုံနဲ့အသေးစိတ်သေချာရှင်းပြပေးလိုက်ပါတယ်။
KingRoot PC ဗားရှင်းဟာ ယခုဒီ Post ကိုရေးသားနေချိန်မှာတော့
တရုတ်ဗားရှင်းသာထွက်ရှိပါသေးတယ်။
အင်္ဂလိပ်ဗားရှင်းမထွက်သေးပါဘူး မကြာမီထွက်ရှိလာမယ်လို့ သူ့ရဲ့ဝက်ဆိုက်မှာဆိုထားပါတယ်။
ဒါကြောင့်တရုတ်စာတွေပဲကြည့်ပြီးလုပ်သွားရမှာပါ။
အရင်ဦးဆုံး KingRoot ကွန်ပျူတာဗားရှင်းလေးကိုအောက်မှာပေးထားတဲ့လင့်ခ်ကနေ
နောက်ဆုံးဗားရှင်းကိုသွားဒေါင်းလိုက်ပါ။


Download File Here!


ပြီးရင်အောက်ကပုံလေးတွေတစ်ပုံချင်းကြည့်ပြီးလုပ်ဆောင်သွားလိုက်ပါ
ဒေါင်းထားတဲ့ KingRootSetup_v3.2.0 [www.MmTutorials.xyz].exe ကို
Double Click နဲ့ခေါက်လိုက်ပြီး Run လိုက်ပါ။


အောက်ကပုံလိုဖတ်လို့မရတဲ့စာတွေနဲ့ပေါ်လာပါလိမ့်မယ်။
ပုံထဲကအတိုင်း မြှားပြထားတဲ့အတိုင်းပဲ အမှန်ခြစ်လေးရွေးပေးပြီး
မြှားပြထားတဲ့အတိုင်းNext နေရာကိုနှိပ်ပေးလိုက်ပါ။


ပြီးရင်မြှားပြထားတဲ့အတိုင်း Next နေရာကိုနှိပ်ပြီးဆက်သွားပါ။


မြှားပြထားတဲ့အတိုင်း Next နေရာကိုနှိပ်ပြီးဆက်သွားပေးပါ။



မြှားပြထားတဲ့အတိုင်း Next နေရာကိုနှိပ်ပြီးဆက်သွားပေးပါ။


အောက်ကပြထားတဲ့အတိုင်းသာဆက်နှိပ်ပြီးဆက်သွားပေးပါ။


အောက်ပါပုံအတိုင်းဆို Install လုပ်နေပါပြီ။
ခဏစောင့်ပေးလိုက်ပါ။


အောက်ပါပုံအတိုင်းပြလာရင်တော့ Install လုပ်ခြင်းပြီးဆုံးသွားပြီ
မြှားပြထားတဲ့အတိုင်းနှိပ်လိုက်ပါ။
ဒါဆို KingRoot ပွင့်လာပါလိမ့်မယ်။


KingRoot ပွင့်လာပြီဆိုဘာမှမနှိပ်ပါနဲ့ဦး။
မိမိတို့ Root ဖောက်မယ့်ဖုန်းကို USB Debugging Mode နဲ့ Unknown Source ကို
အမှန်သွားခြစ်ပေးလိုက်ပါ။ မလုပ်တတ်ရင်အောက်ကပုံလေးတွေကိုကြည့်လိုက်ပါ။
ပြီးမှဖုန်းကို USB ကြိုးသုံးပြီးကွန်ပျုတာနဲ့ချိတ်ဆက်ပေးရမှာပါ။

ဖုန်းကို Unknown Source ကိုဖွင့်ပေးခြင်း
========================================   
တကယ်လို့ဖွင့်ပြီးသားဆိုထပ်ဖွင့်ဖို့မလိုတော့ပါဘူး။

မဖွင့်ရသေးတဲ့ဖုန်းတွေသာဖွင့်ရမှာပါ။
1. ဖုန်းရဲ့ Setting ကိုဝင်ပါ။
Security ကိုဆက်ဝင်ပါ။ 



  

 Unknown Source ဆိုတာလေးကို ရှာပြီးဘေးနားက ကွက်လပ်လေးကို နှိပ်ပေးလိုက်ပါ။


OK ေပးလိုက္ပါ။



ဖုန်းကို USB Debugging Mode ကိုဖွင့်ပေးခြင်း
========================================
USB Debugging Mode ကိုတော့ ဒီမှာ ပဲသွားကြည့်လိုက်ပါ။
အဲ့ဒီမှာပုံလေးတွေနဲ့ဝေဝေဆာဆာ ဖုန်းဗားရှင်းအလိုက်အသေးစိတ်ရှင်းပြပေးထားပါတယ်။



ဖုန်းမှာ Unknown Source ရော USB Debugging Mode ရောဖွင့်ပြီးသွားပြီဆိုရင်တော့
ကွန်ပျူတာက KingRoot ကိုပြန်ဖွင့်ပြီး အောက်ကပုံလိုပြနေပါလိမ့်မယ်။
ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးသုံးပြီးချိတ်လိုက်ပါ။
ပြီးရင်တော့အောက်ကပုံမှာပြထားသလိုနှိပ်လိုက်ပါ။


အောက်ကပုံလိုပြလာပြီဆိုရင်တော့ KingRoot နဲ့ဖုန်းစတင်ချိတ်ဆက်နေပါပြီ။
နည်းနည်းစောင့်ပေးလိုက်ပါ။
Driver တွေဘာတွေမရှိသေးရင်လည်းသူ့ဘာသာအော်တိုပဲ Install လုပ်သွားပါလိမ့်မယ်။
ဒါကြောင့်ကွန်ပျူတာမှာ အင်တာနက်ချိတ်ဆက်ထားပေးဖို့လိုအပ်တာပါ။


အောက်ပါပုံလိုဆိုရင်တော့ဖုန်းနဲ့ KingRoot ချိတ်သွားပါပြီ
Root စတင်ဖောက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။
ပုံထဲမှာပြထားတဲ့အတိုင်း နှိပ်ပေးလိုက်ပါ။


ဒါဆို Root စလုပ်နေပါပြီ...
စောင့်ပေးလိုက်ပါ။


အောက်ကပုံလိုအမှန်ခြစ်ပြသွားပြီဆိုရင်တော့ရပါပြီ
သင့်ဖုန်း Root လုပ်ခြင်းအောင်မြင်သွားပါပြီ :D


တကယ်လို့ဒီနည်းနဲ့မပေါက်ရင်တော့တခြား KingoRoot, iRoot, BaiduRoot တို့နဲ့
ထပ်စမ်းကြည့်ပေါ။
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ..:)




Thank You :)

Android ဖုန်းတွေအတွက် အကောင်းဆုံး Root တစ်ခုဖြစ်တဲ့ KingRoot ကွန်ပျူတာဗားရှင်းလေးပါ



Android ဖုန်းပေါ်မှာတင် ဖုန်းဗားရှင်းအမြှင့်တွေကို လွယ်လွယ်ကူကူ Root လုပ်ပေးနိုင်တဲ့
Kingroot ကွန်ပျူတာဗားရှင်းလေးပါ။
ဖုန်းပေါ်မှာတင်ဖောက်လို့မရတဲ့ဖုန်းတွေကို
ကွန်ပျူတာနဲ့ဖောက်ရင်ပေါက်နိုင်တဲ့ဖုန်းတွေရှိပါတယ်။
ဘာပဲဖြစ်ဖြစ်ဖုန်းကလိနေတဲ့သူတစ်ယောက်ဆိုရင် နာမည်ကြီး Root Tool တွေ
အားလုံးကိုသိမ်းထားရမှာပါ။
Root Tool တစ်ခုနဲ့ဖုန်းတိုင်းကိုမပေါက်နိုင်ပါဘူး။
ဒီ Tool နဲ့မပေါက်ရင် နောက်တစ်ခုနဲ့ပြောင်းဖောက်ရမှာပါ။
Kingroot ကောင်းကြောင်းကတော့တော်တော်များများပြောစရာမလိုတော့ပါဘူးထင်တယ်။
ဒါပေမယ့်ဒီ PC ဗားရှင်းမှာတော့ အင်္ဂလိပ်လိုမပါသေးပဲ
တရုတ်စာတွေပဲပါပါတယ်။
နောက်ပိုင်းကျရင်တော့ အင်္ဂလိပ်ပါလာမယ်ဆိုလို့သူဆိုက်မှာဆိုထားပါတယ်။
အခုသုံးဖို့မလိုသေးရင်တောင် ဒေါင်းပြီးသိမ်းထားလိုက်ပါ။
အောက်မှာပေးထားတဲ့လင့်ကနေသွားဒေါင်းနိုင်ပါတယ်။
နောက်ပိုင်းဗားရှင်းအသစ်တွေထွက်လာရင်လည်း ထပ်တင်ပေးသွားပါမယ်။
KingRoot PC Version အသုံးပြုပြီး Android ဖုန်းများ Root ဖောက်နည်းကို
ဒီမှာ သွားကြည့်နိုင်ပါသေးတယ်။
ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်။ :)



Download KingRoot PC Version Here!



Thank You :)