All in One: BaiduRoot အသုံးပြုပြီး Android ဖုန်းများ Root လုပ်နည်း

Saturday, July 30, 2016

BaiduRoot အသုံးပြုပြီး Android ဖုန်းများ Root လုပ်နည်း


BaiduRoot ကိုအသုံးပြုပြီး Android ဖုန်းများအလွယ်တကူ Root လုပ်နည်းလေးပါ။
BaiduRoot ဟာအခြား iRoot, KingRoot တိုလို့နာမည်မကြီးပေမယ့်
ဖုန်းတော်တော်များများကို Root လုပ်ပေးနိုင်ပါတယ်။
အလွယ်တကူ Root လုပ်ပေးနိုင်တဲ့ Root Tools ပါ။
PC ဗားရှင်းလည်းသက်သက်ရှိပါတယ်...
ဖုန်းတိုင်းတော့မရဘူးဆိုပေမယ့် ဖုန်းတော်တော်များများကို
Root Acess ရရှိအောင်ပြုလုပ်ပေးနိုင်ပါတယ်။
iRoot, KingRoot တို့နဲ့မပေါက်တဲ့ဖုန်းတွေ ဒီ BaiduRoot နဲ့ပေါက်တာတွေလည်း ရှိပါတယ်။
ဒီကောင်နဲ့မပေါက်ရင် ဟို iRoot, KingRoot ဖောက်ပေါ့နော်...
Root အပလီကေးရှင်းတော်တော်များများကို ခုနောက်ပိုင်း တစ်ချက်နှိပ် One Click တွေများပါတယ်။
ဘာမှသိပ်များများလုပ်ပေးစရာမလိုပါဘူး...
သက်ဆိုင်ရာ Root Tools တွေကိုဖုန်းမှာ တပ်ဆင်ပြီး တစ်ချက်နှိပ်ပေးရုံပါ...
ဒါပေမယ့်ကျွန်တော်ကတော့ ပိုပိုလိုလိုမသိသေးတဲ့သူတွေအတွက် ခုမှဖုန်းနဲ့ပတ်သက်တာတွေကို လေ့လာဖို့ကြိုးစားနေသူတွေအတွက်ပါ လွယ်လွယ်ကူကူနားလည်နိုင်အောင်
ပုံနဲ့တကွအသေးစိတ် တခြား Root မလုပ်ခင်မိမိဖုန်းကို
ပြင်ဆင်ထားရမယ့်အချက်လေးတွေပါ ဖော်ပြပေးလိုက်ပါတယ်...
ဒီ BaiduRoot ကဗားရှင်းတော်တော်များများက တရုတ်စာတွေဖြစ်နေတဲ့အတွက်
နည်းနည်းကသိကအောင့်ဖြစ်စရာဆိုပေမယ့် Root လိုအပ်နေပြီဆိုရင်
အဓိကက ကိုယ့်ဖုန်းလေး Root Access ရရှိဖို့ပဲလေ...:P
Root ပေါက်သွားပြီဆိုမှ ကိုယ်သုံးချင်တဲ့ SuperSu နဲ့ပြန်ပြောင်းပေးလို့ရပါတယ်။အရင်ဦးဆုံးမိမိဖုန်းကို ဘာမှမလုပ်ခင် Unknown Source ကိုအမှန်ခြစ်တပ်ထားပေးဖို့လိုအပ်ပါတယ်...

ဖုန်းကို Unknown Source ကိုဖွင့်ပေးခြင်း
========================================   
တကယ်လို့ဖွင့်ပြီးသားဆိုထပ်ဖွင့်ဖို့မလိုတော့ပါဘူး။

မဖွင့်ရသေးတဲ့ဖုန်းတွေသာဖွင့်ရမှာပါ။
1. ဖုန်းရဲ့ Setting ကိုဝင်ပါ။
Security ကိုဆက်ဝင်ပါ။ 

  
 
 Unknown Source ဆိုတာလေးကို ရှာပြီးဘေးနားက ကွက်လပ်လေးကို နှိပ်ပေးလိုက်ပါ။


OK ေပးလိုက္ပါ။




အပေါ်ကအပိုင်းပြီးပြီဆိုရင် ကျန်တာတွေကလည်း လွယ်လွယ်လေးပါ...
Root ဖောက်မယ့်ဖုန်းကို WiFi သို့မဟုတ် အင်တာနက်ဒေတာတစ်ခုခု ဖွင့်ထား/ချိတ်ဆက်ထားပေးရပါမယ်။
ပြီးရင် BaiduRoot ကိုအောက်ပါပေးထားတဲ့လင့်ကနေ နောက်ဆုံးဗားရှင်းကို သွားဒေါင်းလိုက်ပါ။

ဗားရှင်းအလိုက် ဒီမှာ သွားရှာဒေါင်းပေးပါ။
နောက်ဆုံးတင်ထားတဲ့ ဗားရှင်းကိုဒေါင်းယူပါ။

ဒေါင်းလို့ရလာတဲ့ BaiduRoot Apk လေးကိုဖုန်းမှာ Install လုပ်လိုက်ပါ။
အင်တာနက်လိုအပ်ပါတယ် အင်တာနက်ဖွင့်ထားပေးပါ...
သို့မဟုတ် WiFi တစ်ခုခုနဲ့ချိတ်ဆက်ထားပေးပါ။

ဖုန်းမှာ Install လုပ်တဲ့အခါအောက်ပါပုံလိုသတိပေးစာတက်လာရင်
I Understand and still want to install it ဘေးနားကကွက်လပ်မှာအမှန်ခြစ်တပ်ပေးပြီး
INSTALL ANYWAY ကိုသာနှိပ်ပေးလိုက်ပါ။
တခြား Root Apk တွေ Install လုပ်လို့ဒီလိုမျိုးစာတက်လာရင်လည်း
ဒီလိုသာနှိပ်ပေးလိုက်ပါ။
 

အပေါ်ကပုံက Xiomi ဖုန်းမှာဖြစ်တဲ့ပုံပါ Samsung ဖုန်းဆိုရင်တော့အောက်ပါပုံလိုပြလာမှာပါ။
More detail ကိုနှိပ်ပြီး 


Install Anyway(unsafe)ကိုသာနှိပ်ပေးလိုက်ပါ။
တခြားဖုန်းတွေမှာလည်းအခုလိုမျိုးပြောပါလိမ့်မယ်။
Install Anyway ကိုသာရှာနှိပ်ပေးပါ။
တခြား Apps တွေတောင်းလာရင်လည်းအခုလိုမျိုးသာနှိပ်ပေးလိုက်ပါ။


Install လုပ်လို့ပြီးရင် ဖွင့်လိုက်ပါ။
 

အောက်ကပုံလိုမျိုး တရုတ်စာတွေတက်လာရင် ညာဘက်ခလုတ်ကတရုတ်စာလေးကိုသာ
နှိပ်ပေးလိုက်ပါ။
 

Root လုပ်ဖို့အောက်ပါပုံအတိုင်း ဝိုင်းပြထားတဲ့နေရာကိုနှိပ်ပေးလိုက်ပါ။
 

အောက်ပါပုံအတိုင်းဆိုရင် Root လုပ်နေပါပြီ ခဏစောင့်ပေးလိုက်ပါ။


အောက်ပါပုံလိုမျိုးအမှန်ခြစ်လေးပြလာပြီဆိုရင်သင့်ရဲ့ Android ဖုန်းလေး Root လုပ်ခြင်းအောင်မြင်ပါပြီ။
စိတ်ကြိုက်ကလိပေတော့...:P

 
 တစ်ခုသတိထားရမှာက ဖုန်းက Root ဖောက်ထားတဲ့အတွက်
မိမိတို့လက်လွန်ရင်အချိန်မရွေး Firmware ကျနိုင်ပါတယ်။
ဒါကြောင့်အဆင်ပြေရင်ဖုန်းကို Backup လုပ်ထားပြီးမှကလိစေချင်ပါသည်။



Download File Here!



Thank You :)

No comments:

Post a Comment