All in One: Android ဖုန်းဗားရှင်းအလိုက် USB Debugging Mode ဖွင့်နည်းများ

Sunday, July 31, 2016

Android ဖုန်းဗားရှင်းအလိုက် USB Debugging Mode ဖွင့်နည်းများ



USB Debugging Mode ကို အားလုံးသိထားကြတဲ့အတိုင်း
ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်ရာမှာမဖြစ်မနေဖွင့်ပေးရပါတယ်။
ဥပမာ။  ။ကျွန်တော်တို့ဖုန်းကနေ ADB ကနေစေခိုင်းဖို့ဆိုရင် USB Debugging Mode
မဖွင့်ထားပေးရင်ဘယ်လိုမှအလုပ်မလုပ်နိုင်ပါဘူး။
ကွန်ပျူတာကနေ Root ဖောက်ရင်လည်းမဖြစ်မနေလိုအပ်ပါတယ်။
တခြားအကြောင်းတွေလည်းအများကြီးရှိပါတယ်။
အကုန်ပြောနေရင်ပြီးမှာမဟုတ်တော့ပါဘူး ဒါကြောင့်ဖုန်းဗားရှင်းအလိုက်
USB Debugging Mode ဖွင့်နည်းကိုပဲဆက်ကြည့်သွားရအောင်..
USB Debugging Mode ကို Developer/Development Options တွေကနေသွားဖွင့်ပေးရတာပါ။Android 4.2 အောက်ဖုန်းတွေမှာ Developer/Development Options ကို
အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပေမယ့် 4.2 အထက်မှာတော့ ဝှက်ထားကြပါတယ်။
ဝှက်ထားတာကိုအရင်သွားဖော်ပြီးမှ Development Options ကိုမြင်တွေ့ရပြီး
USB Debugging Mode ကိုဖွင့်လို့ရမှာပါ။

Android Version 2.0 ကနေ Android 2.0 – 2.3.x အထိ USB Debugging Mode ဖွင့်နည်း
1- ပထမဦးဆုံး ဖုန်းရဲ့ Setting ဝင်ပါ။
2- Applications ကိုဆက်ဝင်ပါ။
3- Development ကိုထပ်ဝင်သွားပါ။
4- USB Debugging ကိုတွေ့ပြီးဆိုရင်သူ့ဘေးနားကကွက်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။

ဒါဆိုအမှန်ခြစ်လေးတပ်သွားပါလိမ့်မယ်။
ဒါဆိုရပါပြီ USB Debugging Mode ပွင့်သွားပါပြီ။



Anroid Version 3.0 ကနေ 4.0 – 4.1.x အထိ USB Debugging Mode ဖွင့်နည်း
1- ပထမဦးဆုံး Setting ကိုသွားပါ။
2- ပြီးရင် Developer options ကိုဆက်ဝင်ပြီး သူ့ကိုအရင်ဖွင့်ပေးပါ။
3- ပြီးရင် USB debugging ကိုတစ်ချက်နှိပ်လိုက်ပါ သတိပေးစာတက်လာရင် Ok သာပေးလိုက်ပါ။
    ပုံထဲကအတိုင်းကြည့်ပြီးတစ်ဆင့်ချင်းလုပ်သွားလိုက်ပါ။


Android Version 4.2.x ကနေ 4.3 , 4.4.0 , 4.4.2 , 4.4.4 အထိ USB Debugging Mode ဖွင့်နည်း
ဒီ 4.2 အထက်ကနေစပြီးတော့ Developer Options ကိုဝှက်ထားကြပါပြီ။
USB Debugging Mode ကိုသွားမဖွင့်ခင် ဝှက်ထားတဲ့
Developer Options ကိုအရင်သွားဖော်ပေးရပါမယ်။
1- ပထမဦးဆုံးဖုန်းရဲ့ Setting ကိုဝင်ပါ။ Developer Options ကိုရှာလို့တွေ့သေးမှာမဟုတ်ပါဘူး။
2- အောက်ဆုံးက About/About Phone ကိုပဲဆက်ဝင်ပေးလိုက်ပါ။
3- အဲ့ဒီထဲက Build number ကိုရှာပြီး ၇ ချက်ဆက်တိုက်ခပ်မြန်မြန်နှိပ်ပေးလိုက်ပါ။
    ဒါဆိုရပါပြီ အဲ့ကနေပြန်ထွက်လိုက်ပါ Developer Options ကိုမြင်ရပါပြီ။

1- Setting ကိုသွားပါ။
2- ပြီးရင် Developer options ကိုဆက်ဝင်ပြီး သူ့ကိုအရင်ဖွင့်ပေးပါ။
3- ပြီးရင် USB debugging ကိုတစ်ချက်နှိပ်လိုက်ပါ သတိပေးစာတက်လာရင် Ok သာပေးလိုက်ပါ။
    ပုံထဲကအတိုင်းကြည့်ပြီးတစ်ဆင့်ချင်းလုပ်သွားလိုက်ပါ။

Android 5.0 Lollipop အထက်နောက်ပိုင်းဖုန်းတွေဆိုရင်တော့
4.2 အထက်နဲ့မကွာပါတော့ပါဘူး။ သူလည်း Developer Options ကိုဝှက်ထားပါတယ်။
1- Setting ကိုသွားပါ။
2- အောက်ဆုံးက About/About Phone ကိုပဲဆက်ဝင်ပေးလိုက်ပါ။
3- အဲ့ဒီထဲက Build number ကိုရှာပြီး ၇ ချက်ဆက်တိုက်ခပ်မြန်မြန်နှိပ်ပေးလိုက်ပါ။
    ပြီးရင်အောက်ကပုံကိုဆက်ကြည့်ပေးပါ။
၇ ချက်လောက်ခပ်မြန်မြန်နှိပ်ပေးလိုက်ရင် အောက်ပါပုံလိုမျိုး You are now developer! ဆိုတဲ့ Popup Message အနေနဲ့ပြလာရင်ရပါပြီ။
Back key တစ်ချက်ပြန်ထွက်လိုက်ရင် Developer Options ကိုတွေ့မြင်ရပါပြီ။
ဝင်လိုက်ပါ ပြီးရင် Developer Options ကိုအရင်ဖွင့်ပေးလိုက်ပါ။ ညာဘက်အပေါ်ဒေါင့်နားမှာပါ။
ပြီးရင်တော့ USB Debugging Mode ကိုဖွင့်လိုက်ပါ။
ဘာညာသရကာပြောလာရင်လည်း OK သာပေးလိုက်ပါ။
ဒါဆိုရပါပြီ :D
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ...




Thank You :)

No comments:

Post a Comment