All in One: Android Tutorial
Showing posts with label Android Tutorial. Show all posts
Showing posts with label Android Tutorial. Show all posts

Sunday, July 31, 2016

Android ဖုန်းဗားရှင်းအလိုက် USB Debugging Mode ဖွင့်နည်းများ



USB Debugging Mode ကို အားလုံးသိထားကြတဲ့အတိုင်း
ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်ရာမှာမဖြစ်မနေဖွင့်ပေးရပါတယ်။
ဥပမာ။  ။ကျွန်တော်တို့ဖုန်းကနေ ADB ကနေစေခိုင်းဖို့ဆိုရင် USB Debugging Mode
မဖွင့်ထားပေးရင်ဘယ်လိုမှအလုပ်မလုပ်နိုင်ပါဘူး။
ကွန်ပျူတာကနေ Root ဖောက်ရင်လည်းမဖြစ်မနေလိုအပ်ပါတယ်။
တခြားအကြောင်းတွေလည်းအများကြီးရှိပါတယ်။
အကုန်ပြောနေရင်ပြီးမှာမဟုတ်တော့ပါဘူး ဒါကြောင့်ဖုန်းဗားရှင်းအလိုက်
USB Debugging Mode ဖွင့်နည်းကိုပဲဆက်ကြည့်သွားရအောင်..
USB Debugging Mode ကို Developer/Development Options တွေကနေသွားဖွင့်ပေးရတာပါ။Android 4.2 အောက်ဖုန်းတွေမှာ Developer/Development Options ကို
အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပေမယ့် 4.2 အထက်မှာတော့ ဝှက်ထားကြပါတယ်။
ဝှက်ထားတာကိုအရင်သွားဖော်ပြီးမှ Development Options ကိုမြင်တွေ့ရပြီး
USB Debugging Mode ကိုဖွင့်လို့ရမှာပါ။

Android Version 2.0 ကနေ Android 2.0 – 2.3.x အထိ USB Debugging Mode ဖွင့်နည်း
1- ပထမဦးဆုံး ဖုန်းရဲ့ Setting ဝင်ပါ။
2- Applications ကိုဆက်ဝင်ပါ။
3- Development ကိုထပ်ဝင်သွားပါ။
4- USB Debugging ကိုတွေ့ပြီးဆိုရင်သူ့ဘေးနားကကွက်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။

ဒါဆိုအမှန်ခြစ်လေးတပ်သွားပါလိမ့်မယ်။
ဒါဆိုရပါပြီ USB Debugging Mode ပွင့်သွားပါပြီ။



Anroid Version 3.0 ကနေ 4.0 – 4.1.x အထိ USB Debugging Mode ဖွင့်နည်း
1- ပထမဦးဆုံး Setting ကိုသွားပါ။
2- ပြီးရင် Developer options ကိုဆက်ဝင်ပြီး သူ့ကိုအရင်ဖွင့်ပေးပါ။
3- ပြီးရင် USB debugging ကိုတစ်ချက်နှိပ်လိုက်ပါ သတိပေးစာတက်လာရင် Ok သာပေးလိုက်ပါ။
    ပုံထဲကအတိုင်းကြည့်ပြီးတစ်ဆင့်ချင်းလုပ်သွားလိုက်ပါ။


Android Version 4.2.x ကနေ 4.3 , 4.4.0 , 4.4.2 , 4.4.4 အထိ USB Debugging Mode ဖွင့်နည်း
ဒီ 4.2 အထက်ကနေစပြီးတော့ Developer Options ကိုဝှက်ထားကြပါပြီ။
USB Debugging Mode ကိုသွားမဖွင့်ခင် ဝှက်ထားတဲ့
Developer Options ကိုအရင်သွားဖော်ပေးရပါမယ်။
1- ပထမဦးဆုံးဖုန်းရဲ့ Setting ကိုဝင်ပါ။ Developer Options ကိုရှာလို့တွေ့သေးမှာမဟုတ်ပါဘူး။
2- အောက်ဆုံးက About/About Phone ကိုပဲဆက်ဝင်ပေးလိုက်ပါ။
3- အဲ့ဒီထဲက Build number ကိုရှာပြီး ၇ ချက်ဆက်တိုက်ခပ်မြန်မြန်နှိပ်ပေးလိုက်ပါ။
    ဒါဆိုရပါပြီ အဲ့ကနေပြန်ထွက်လိုက်ပါ Developer Options ကိုမြင်ရပါပြီ။

1- Setting ကိုသွားပါ။
2- ပြီးရင် Developer options ကိုဆက်ဝင်ပြီး သူ့ကိုအရင်ဖွင့်ပေးပါ။
3- ပြီးရင် USB debugging ကိုတစ်ချက်နှိပ်လိုက်ပါ သတိပေးစာတက်လာရင် Ok သာပေးလိုက်ပါ။
    ပုံထဲကအတိုင်းကြည့်ပြီးတစ်ဆင့်ချင်းလုပ်သွားလိုက်ပါ။

Android 5.0 Lollipop အထက်နောက်ပိုင်းဖုန်းတွေဆိုရင်တော့
4.2 အထက်နဲ့မကွာပါတော့ပါဘူး။ သူလည်း Developer Options ကိုဝှက်ထားပါတယ်။
1- Setting ကိုသွားပါ။
2- အောက်ဆုံးက About/About Phone ကိုပဲဆက်ဝင်ပေးလိုက်ပါ။
3- အဲ့ဒီထဲက Build number ကိုရှာပြီး ၇ ချက်ဆက်တိုက်ခပ်မြန်မြန်နှိပ်ပေးလိုက်ပါ။
    ပြီးရင်အောက်ကပုံကိုဆက်ကြည့်ပေးပါ။
၇ ချက်လောက်ခပ်မြန်မြန်နှိပ်ပေးလိုက်ရင် အောက်ပါပုံလိုမျိုး You are now developer! ဆိုတဲ့ Popup Message အနေနဲ့ပြလာရင်ရပါပြီ။
Back key တစ်ချက်ပြန်ထွက်လိုက်ရင် Developer Options ကိုတွေ့မြင်ရပါပြီ။
ဝင်လိုက်ပါ ပြီးရင် Developer Options ကိုအရင်ဖွင့်ပေးလိုက်ပါ။ ညာဘက်အပေါ်ဒေါင့်နားမှာပါ။
ပြီးရင်တော့ USB Debugging Mode ကိုဖွင့်လိုက်ပါ။
ဘာညာသရကာပြောလာရင်လည်း OK သာပေးလိုက်ပါ။
ဒါဆိုရပါပြီ :D
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ...




Thank You :)

Friday, July 29, 2016

MTK Device ဆိုတာဘာလဲ! မိမိရဲ့ဖုန်းဟာ MTK Device ဟုတ်မဟုတ်စစ်နည်း


MTK Android Device ဆိုတာကို ပြောနေကြတာကြားကြမယ်လို့ထင်ပါတယ်။
သိတဲ့သူတွေလည်း ရှိသလို၊ မသိသေးတဲ့သူတွေလည်းရှိမှာပါ။
ကျွန်တော်တင်တဲ့ပို့စ်တွေမှာလည်း MTK Device,
MTK Android Device ဆိုပြီးအလွယ်ရေးပြီးသုံးလိုက်ပါတယ်။
MTK ဆိုတာကေတာ့ MediaTek လို့ခေါ်တဲ့ Android CPU Chipset ကိုရည်ညွန်းခြင်းဖြစ်ပါတယ်။
MTK ဆိုတာ MediaTek ကိုအတိုကောက်ခေါ်ထားခြင်းဖြစ်ပါတယ်။
MTK Android processor တွေဟာ Dual Core အဆင့်ရှိပြီး
ဈေးနှုန်းချိုသာပြီး အရည်အသွေးသိပ်မမြင့်တဲ့ Android CPU တွေဖြစ်ပါတယ်။
အရည်အသွေးမြင့်မားလှတဲ့ CPU Chipset မဟုတ်ပေမယ့် Speed ပိုင်းမှာရော ၊
Graphic ပိုင်းမှာရော အရည်အသွေးမြင့် processor များကိုယှဉ်နိုင်အောင်ပြုလုပ်ထားပါတယ်။
MTK Processor တွေကို အရည်အသွေးနိမ့် Android Phone/Tablet များ (Clone ဖုန်းများ) မှာ
အများဆုံးအသုံးပြုပါတယ်။
ခုနောက်ပိုင်း MTK Processor တွေလည်းအခြား အရည်အသွေးမြင့်မားလာတာကိုတွေ့ရပါတယ်။
တရုတ်ကထုတ်တဲ့ China Clone ဖုန်းတွေအများဆုံးသုံးကြပါတယ်။
MTK Processor တွေကိုတရုတ်ဖုန်းတွေအများဆုံးသုံးကြတယ်လို့ဆိုပေမယ့်
ယခုအခါမှာတော့ နာမည်ကြီးဖုန်းအမှတ်တဆိပ်တွေမှာလည်း အများအပြားသုံးလာကြပါပြီ။
MTK processor သုံးထားတဲ့လူသုံးများ Android ဖုန်းတော်တော်များများရှိပါတယ်။
i Mobile Lava Iris , CoolPad , Lenovo ZTE , LG , Samsung နဲ့အခြားဖုန်း
တော်တော်များများမှာသုံးကြပါတယ်။
ကျွန်တော်သိသလောက်ပဲပြောပြပေးလိုက်တာပါ။
ကျွန်တော်ပြောတာတွေအားလုံးတော့မပြည့်စုံသေးပါဘူး လိုအပ်တာလေးတွေရှိနိုင်ပါသေးတယ်။
ဒါပေမယ့်စာဖတ်သူ အနည်းငယ်တော့ နားလည်သွားပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မိမိကိုင်နေတဲ့ Android ဖုန်းဟာ MTK ဖုန်းလား အခြားဘာဖုန်းလဲသိချင်ရင်တော့
Play Store ကေန CPU-Z ဆိုတဲ့ App ကိုဒေါင်းပြီးစစ်ဆေးနိုင်ပါတယ်။
ဖိုင်ဆိုဒ်ကလည်း 1MB ကျော်ကျော်ပဲရှိပါတယ်။
ကျနော်အောက်မှာလင့်ချပေးထားပါတယ်။
Play Store အဆင်မပြေတဲ့သူများအတွက်ပါ pCloud လင့်ပါပေးထားပါတယ်။
CPU-Z App နဲ့ဖုန်းရဲ့အချက်အလက်အားလုံးကို ကြည့်ရူ့စစ်ဆေးနိုင်ပါတယ်။

အောက်ကပုံမှာ ကျွန်တော်ကိုင်တဲ့ဖုန်းပါ။
ထိုင်းကထုတ်တဲ့ Lava Iris ပါ။ သူလည်း MTK Processor ကိုသုံးထားပါတယ်။
ပုံထဲကလို လိမ္မော်ရောင်၊ အပြာရောင်နဲ့ MEDIATEK လို့ပေါ်လာခဲ့ရင်တော့
သင့်ဖုန်းလည်း MTK ဖုန်းတစ်လုံးပါပဲ.....




Download File Here!



Thank You :)

Android ဖုန်းမှာ Screen Lock ချထားပြီးမေ့မှာစိုးတဲ့သူတွေအတွက် SMS Bypass အသုံးပြုနည်း



င်္ဂလာပါနော် ကျွန်တော်ဖုန်းမှာ Screen Lock  တွေခတ်ထားပြီးမေ့မှာစိုးတဲ့သူတွေအတွက်
SMS Bypass_v1.3.1 ဆိုတဲ့ Apk အလန်းလေးတစ်ခုတင်ပေးလိုက်ပါတယ်။
Play Store မှာတော့ ပိုက်ဆံပေးပြီးဝယ်ရတာပါ။

ကျနော်အောက်မှာ Free ဒေါင်းလို့ရအောင်လင့်ချပေးထားပါတယ်။
အသုံးပြုနည်းပါရေးပေးလိုက်ပါတယ် :)
အရင်ကလည်းတင်ပေးဖူးပါတယ်.
ခုတော်တော်များများက ဖုန်း Lock မေ့လို့ရှိရင်ဖုန်းကို Reset ချလိုက်ကြပါတယ်။
ဒီတော့ ဖုန်းက Lock တော့ပျောက်ပါတယ်။
ဒါပေမယ့် အထဲက Data တွေ ကိုယ်ဒေါင်းထားတဲ့ ဂိမ်းတွေ App, သီချင်း, Video တွေ
အကုန်ပျောက်သွားပါတယ်။
စစဝယ်တုန်းကအတိုင်း အသစ်ပုံစံအတိုင်းဖြစ်သွားပါတယ်။
ဒီတော့ကိုယ့် Data တွေဆုံးရူံးရပြီပေါ့။
ခုကျွန်တော်ပေးတဲ့ Apk လေးက ဘာ Data မှမပျက်စီးစေပါဘူး။
Apk ကိုအသုံးပြုဖို့အတွက်မိမိတို့ဖုန်းမှာ Root ဖောက်ထားရပါမယ်။
ပြီးရင်ဒီ Apk လေးကိုဖုန်းမှာထည့်ထားပြီး Enable လုပ်ထားပေးရမှာပါ။
အသုံးပြုရမယ့်ပုံစံလေးကလည်း လွယ်လွယ်လေးပါ။
မိမိတို့ဖုန်းမှာ ဒီ Apk လေးရှိနေရင် Password, Pin, Patten Lock ဘာညာအားလုံးကို 
1234 Reset လို့ SMS ပို့လိုက်ရုံနဲ့ ဖုန်းက Auto Reboot ကျသွားမှာပါ။
ပြန်တက်လာရင် ဘာ Lock မှမရှိတော့ပါဘူး။အောက်မှာအသုံးပြုနည်း ပုံလေးနဲ့ပြထားပါတယ်။
ဒေါင်းရမယ့် Apk ကို Post အောက်ဆုံးမှာလင့်ချပေးထားပါတယ်။

ဒေါင်းလို့ရလာတဲ့ SMS Bypass_V1.3 ကိုမိမိတို့ဖုန်းမှာ Install လုပ်ရပါမယ်။
နှိပ်လိုက်ပါ။ :)

Install လုပ်လိုက်ပါ။


Install လုပ်လို့ပြီးရင် ဖွင့်လိုက်ပါ။


SMS Bypass Service ဆိုတာလေးကိုအမှန်ခြစ်တပ်ပေးရမှာပါ။
အဲ့ဒီအတွက်မိမိတို့ဖုန်းမှာ Root Access ရှိနေဖို့လိုအပ်ပါတယ်။
အမှန်ခြစ်တပ်ပေးဖို့နှိပ်လိုက်ပါ။


Root Permission တောင်းပါလိမ့်မယ် Grant/Allow သာပေးလိုက်ပါ။


အောက်ကပုံလိုမျိုး အမှန်ခြစ်တပ်သွားပြီဆိုရင်တော့ရပါပြီ။
Screen Lock ကိုကြိုက်သလိုထားလို့ရပါပြီ။
မေ့သွားမှာမပူရတော့ပါဘူး။
မေ့သွားရင်အခြားဖုန်းတစ်လုံးကနော့ 1234 reset လို့သာ SMS လှမ်းပို့ပေးလိုက်ပါ။
ဖုန်းကအော်တို Restart ကျသွားပါလိမ့်မယ်။
ပြန်တက်လာရင် Lock ပျောက်သွားတာကိုတွေ့ရလိမ့်မယ်။
တခြားကလိစရာလေးတွေလည်းရှိနေပါသေးတယ်။
ကလိနိုင်သူတွေကလိကြပေါ့။
ဒါကတော့ကျနော်အခြေခံအနေနဲ့ပြောပြသွားတာဖြစ်ပါတယ်။
Apk ကိုတော့အောက်မှာပေးထားတဲ့လင့်ကနေဒေါင်းလိုက်ပါ။ :)



Download File Here!



Thank You :)

Android ဖုန်းဘားတန်းမှာ Root မလိုပဲကာလာအစုံအသုံးပြုနိုင်မယ့် App


ပုံထဲမှာတွေ့တဲ့အတိုင်း ဖုန်းရဲ့အပေါ်ဘားတန်းလေးကို ဒီဇိုင်းလှလှလေးနဲ့ထားလို့ရတဲ့အပြင်
ဓာတ်ပုံထည့် ကာလာထည့်ပြုလုပ်လို့ရပါတယ်။
သဘောကျလို ပြန်လည်မျှဝေလိုက်ပါတယ်။
အသုံးပြုရတာလည်းလွယ်ကူပြီး ဖုန်းမှာ Root မရှိလည်းသုံးလို့ရပါတယ်။
App ရဲ့ဖိုင်ဆိုဒ်ကလည်း 5 MB ပဲရှိပါတယ်။

အသုံးပြုနည်းလေးကို ဖတ်လိုက်ရအောင်....
ဆော့ဝဲလ်ထဲဝင်ပါ။
ဆော့ဝဲလ်ထဲဝင်ဝင်ချင်းတွေ့တဲ့ Enable Color Status Bar ဆိုတဲ့ခလုတ်လေးကို အမှန်ပေးရမှာပါ။
အဲ့ဒီအတွက် နှိပ်လိုက်ပါ :)


ပြီးရင်အောက်ကပုံလိုရောက်သွားပါလိမ့်မယ်။
အဲ့ဒီကောင်ကိုအမှန်ခြစ်ပေးရမှာပါ။
ဒါကြောင့်သူ့ကိုနှိပ်ပေးလိုက်ပါ။


အောက်ပါပုံလိုအမှန်ခြစ်သွားပြီဆိုရင်ရပါပြီ။
Back Key နဲ့ပြန်ထွက်ခဲ့လိုက်ပါ။


အပေါ်ကခလုတ်နှစ်ခုဖြစ်တဲ့ Settings နဲ့ Themes နှစ်ခုတည်းက 
Themes ကိုနှိပ်လိုက်ပါ။
အဲ့ဒီမှာအသင့်သုံးဖို့လုပ်ပေးထားတဲ့ Theme တွေရှိပါတယ်။
အဲ့ဒါတွေကိုမသုံးချင်ပဲ ကိုယ်တိုင်ကြိုက်တဲ့အရောင်နဲ့ဒီဇိုင်းနဲ့လုပ်ချင်ရင်လည်း
Add Your thems! ဆိုတာလေးကိုနှိပ်ပြီး စိတ်ကြိုက်ကာလာနဲ့ပုံနဲ့ထည့်ပြီးအသုံးပြုလို့ရပါတယ်။


အောက်ပုံကတော့ပါပြီးသား Pink ဆိုတဲ့တစ်ခုကိုသုံးလိုက်တာပါ။
Pink ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ ပုံမှာမြင်ရတဲ့အတိုင်းအရောင်တွေအကုန်လုံး
ပန်းရောင်ဖြစ်သွားပါတယ်။


Noti ဘားမှာလည်းအောက်ကပုံလိုမျိုး အရောင်ပြောင်းသွားတာကို
တွေ့ရပါလိမ့်မယ်။


အောက်ကပုံကတော့ Material dark ဆိုတဲ့ Themes ကိုသုံးလိုက်တာပါ။


အားလုံးဘဲ သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
ဆော့ဝဲလ်လေးကိုတော့အောက်မှာဒေါင်းယူလိုက်ပါ။



Download File Here!



Thank You :)

ဖုန်းဖြင့် Facebook မှာ ဗီဒီယိုတွေကို အလွယ်ကူဆုံး ဒေါင်းယူနည်း



Facebook ကနေ ဗီဒီယိုတွေဒေါင်းယူကြည့်ရဖို့တွက် အခုတင်ပေးလိုက်တဲ့
ဆော့ဖ်ဝဲလေးက ဗီဒီယိုပေါ်ကိုတစ်ချက်နှိပ်လိုက်နဲ့Download ဆွဲလို့ရနေပါပြီ။
အသုံးပြုနည်းပုံလေးတွေနဲ့ရှင်းပြထားတာကိုကြည့်ပြီးတော့ 630k သာရှိတဲ့
အခုဆော့ဖ်ဝဲလေးကိုအောက်မှာဒေါင်းယူနိုင်ပါတယ်။
1MB တောင်မပြည့်တဲ့ Facebook Video Download ဆော့ဖ်ဝဲကရှားတယ်နော်။
ဖိုင်ဆိုဒ်မကြီးတော့ ဖုန်းအတွက်လည်းနေရာမယူဘူးပေါ့.. :D
ဒေါင်းပြီးရင်ဖုန်းမှာ Install လုပ်လိုက်ပါ။


Download File Here!

ဆော့ဝဲလ်ကိုသွားဖွင့်လိုက်ပါ။











Thank You :)

Android ဖုန်းမှာ ဆော့ဖ်ဝဲလ်မလိုပဲ ဆက်သွယ်မူဧရိယာပြင်ပရောက်နေပါတယ်လုပ်ရအောင်...



ဒီနည်းက CDMA ပဲရတာပါ GSM မရပါဘူး... Android ပဲရပါတယ်...
မစမ်းမိပါစေနဲ့Framework ကိုထိခိုက်တာကြောင့် Factory reset ပြန်လုပ်ရပါလိမ့်မယ်...
CDMA ဘယ် ANDROID ဖုန်းမဆိုရပါတယ် စမ်းသက်ပြီးသာပါ...
 
ဖုန်း dailer ကိုဖွင့်လိုက်ပါပြီးရင်ဒါလေးရိုက်ထဲ့လိုက် *#*#4636#*
ဒါဆိုရင် phone ရဲ့ Testing ထဲကိုဝင်သွားပါပြီး...
ပြီးရင် Phone information ထဲကိုဝင်...
ပြီးရင် set preferred network type: ဆိုတဲ့စာကြောင်းကိုလိုက်ရှာလိုက်ပါ...
စပါပြီ CDMA auto (PRL) လို့တွေပါလိမ်မယ်...
-ဒါက CDMA Network(EVDO) ကိုချိတ်ဆက်ထားခြင်းကိုဆိုလိုတာပါ..
-ကိုယ်က EvDo only လို့ပြောင်းလိုက်ပါ...
-ဒါဆိုရင် internet ပဲဖြစ်သွားပါလိမ့်မယ်...
-ဖုန်းလိုင်ပျောက်သွားပါလိမ့်မယ် ကဲဒါဆိုဆက်သွယ်မှုဧရိယာပြင်ပဖြစ်သွားပါပြီ
ဆော့ဖ်ဝဲမလိုတာကြောင့် သုံရတာအရမ်းအဆင်ပြေပါတယ်
ဧရိယာပြင်ပဆိုတော့ကိုယ်အမှားမရှိတော့ဘဲကောင်းကောင်းဖီးလ်လို့ရတာပေါ့...
-ကဲပြန်ပြောင်းချင်ရင် ခုန EVDO only ကို CDMA auto (PRL) ပြန်ပြောင်းလိုက်ပေါ့...
ကဲဘော်ဘော်တို့ပျော်ပျော်ကြီးလိမ်နိုင်ကြပါစေ.....
Ref; mm-mpxteam
Credit to reno1500



Thank You :)