All in One: ဓာတ်ပုံတွေကို ဖုန်းပုံလေးတွေနဲ့အလွယ်တကူဘောင်ခတ်ကြမယ်

Wednesday, August 3, 2016

ဓာတ်ပုံတွေကို ဖုန်းပုံလေးတွေနဲ့အလွယ်တကူဘောင်ခတ်ကြမယ်


ဖုန်းမှာ Screenshot ရိုက်ထားတဲ့ပုံတွေကို အပေါ်ကပုံလိုမျိုး
ဖုန်းပုံစံလေးတွေနဲ့ဘောင်ခတ်ချင်တဲ့သူများအတွက်ပါ။
အရမ်းလွယ်တဲ့နည်းလေးပါ။ အရင်ဦးဆုံးအသုံးပြုမယ့် App လေးကိုအရင်သွားဒေါင်းလိုက်ပါ။
AppWrap ဆိုတဲ့ App လေးကိုအသုံးပြုသွားမှာပါ။
ဒီ App လေးကို Play Store ကနေလည်းအခမဲ့ဒေါင်းယူရရှိနိုင်ပါတယ်။
ပြီးရင်တော့မသုံးတတ်သေးရင်အောက်ကပုံလေးတွေကိုကြည့်ပြီးလုပ်သွားနိုင်ပါတယ်။



Download AppWrap_v1.0.3 Here!


ဒေါင်းလို့ရလာတဲ့ AppWrap ကိုဖုန်းမှာ Install လုပ်လိုက်ပါ။
ပြီးရင်ဖွင့်လိုက်ပါ။


ပြီးရင်ကြိုက်လုပ်ချင်တဲ့ပုံတွေကိုသွားယူဖို့ အပေါင်းပုံစံလေးကိုနှိပ်လိုက်ပါ။၊


ပြီးရင်တော့ကိုယ့်ဖုန်း Gallery ထဲရောက်သွားပါလိမ့်မယ်။
လုပ်ချင်တဲ့ပုံကိုရွေးနှိပ်ပေးလိုက်ပါ။၊
ကျွန်တော်ကတော့အောက်ကပုံလေးနဲ့လုပ်ပြမှာမလို့
အဲ့ဒီပုံလေးကိုရွေးလိုက်ပါတယ်။


ပြီးရင်တော့အောက်ကလိုမျိုးဘောင်ခတ်ထားတဲ့ပုံလေးကိုတွေရမှာပါ။
အရမ်းလန်းပါတယ်။
အဲ့ဒီပုံကိုသိမ်းချင်ရင် မြှားအောက်ထိုးပြနေတဲ့ပုံလေးကိုသာနှိပ်ပေးလိုက်ပါ။

အောက်ကပုံလိုမျိုး Saving လုပ်နေပါလိမ့်မယ်။
ပြီးရင်တော့ ဖုန်းထဲက AppWrap ဆိုတဲ့ဖိုဒါထဲမှာပုံလေးရောက်နေပါလိမ့်မယ်။
Gallery ထဲမှာလည်းသွားကြည့်လို့ရပါပြီ။

တကယ်လို့တခြားဖုန်းပုံစံတွေထပ်ရွေးချင်သေးရင်လည်းရပါသေးတယ်။
ဘယ်ဘက်အပေါ်ဒေါင့်က Menu ကိုတစ်ချက်နှိပ်ပြီး
Download More ကိုနှိပ်လိုက်ပါ။ အဲ့ဒီကနေတခြားဖုန်းပုံစံတွေအများကြီးထပ်ဒေါင်းပြီးသုံးလို့ရပါသေးတယ်။
အခုကျွန်တော်တို့သုံးလိုက်တဲ့ဖုန်းက Google Nexus ဖုန်းပုံစံပါ။




Thank You :)

No comments:

Post a Comment