All in One: iOS Tutorials
Showing posts with label iOS Tutorials. Show all posts
Showing posts with label iOS Tutorials. Show all posts

Monday, August 1, 2016

သင်သိပြီးပါပြီလား?

သီပေါ ဘူတာရုံ ဆိုင်းဘုတ်နှင့်တွဲ၍ရိုက်ထားသော ခရီးသွား ၂ယောက်၏ ပုံကို
Wallpaper အဖြစ်တင်ထားသော Dell Laptop ကြောငြာကို
Microsoft ၏ တရားဝင် Website (www.microsoft.com/en-us/)တွင် အသုံးပြုထားပါကြောင်း
ဂုဏ်ယူစွာဖြင့်တင်ပြလိုက်ရပါသည်။
ကိုယ်တိုင်ကိုယ်ကျ https://www.microsoft.com/en-us/ တွင်သွားကြည့်နိုင်ပါတယ် :D
Did you know that?
We would like to proudly inform you that the photo which took at Hsipaw train station including signage and travellers is using as wallpaper of Dell Advertisement on Microsoft Website(www.microsoft.com/en-us/)
Ref - Hsipaw Resort






Download File Here!



Thank You :)

Friday, July 29, 2016

အင်တာနက်အသုံးပြုသူတိုင်း မလွဲ မသွေကြုံတွေ့ရမည့် Download ဆွဲခြင်း ၊ သိလိုသည့် အကြောင်းအရာများ ရှာဖွေခြင်း


မင်္ဂလာပါ....

အင်တာနက်အသုံးပြုတဲ့အခါ မလွဲ မသွေကြုံတွေ့ရတတ်တဲ့  Download ဆွဲခြင်း ၊
ကိုယ်သိလိုတဲ့ အကြောင်းအရာများကို ရှာဖွေခြင်း စ,တာတွေနဲ့ ပါတ်သက်ပြီး
ပြောပြချင်ပါတယ်....
ဒီကနေ့.ကျနော်တို့ မြန်မာနိုင်ငံမှာလည်း နေရာတိုင်း ၊ လူတိုင်းလိုလို အင်တာနက်ကို အလွယ်တကူ အသုံးပြုလို့ရနေပါပြီ....
အင်တာနက်နှင့် ပါတ်သက်ပြီး လေ့လာကြည့်တဲ့အခါ ကျနော်တို့  မြန်မာလူမျိုး  ၉၀% လောက်ဟာ လက်ကိုင်ဖုန်းတွေကတဆင့် အသုံးပြုနေ ၊ Download ဆွဲနေကြတယ်ဆိုတာကို
သတိထားမိလို့ဒီပို့စ်လေးကိုရေးဖြစ်တာပါ...။

ပထမဆုံးပြောပြချင်တာကတော့ မိမိသိလိုတဲ့  အကြောင်းအရာတစ်ခုကို အင်တာနက်ပေါ်မှာ ဘယ်လို ရှာဖွေရမလဲ ဆိုတာကိုပါ...

အချိန်တိုတိုနဲ့ ရှာဖွေတတ်ဖို့ပါ...

၁၀ တန်းအောင် ၊ ဘွဲ့ရစရာမလိုပါဘူး.....
ရတဲ့အချိန်လေးမှာ စိတ်ဝင်စားစွာ လေ့လာတတ် ၊ မှတ်သားတတ်ဖို့ပဲ လိုပါတယ်..။

ဆရာတော် ဥူးသုမင်္ဂလ စကားနဲ့ပြောမယ်ဆိုရင် "ဒီခေတ်ဟာ အကောင်းဆုံးခေတ်" ပါ... တဲ့...

ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ တာဝတိံသာ ဒေါ့ ကောင်း (www.တာဝတိံသာ.com) ဆိုရင် တာဝတိံသာနတ်ပြည်အကြောင်း သိနိုင်သလို.....

ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အဝီစိ ဒေါ့ ကောင်း (www.အဝီစိ.com) ဆိုရင်
အဝီစိအကြောင်းကိုပါ သိနိုင်ပါတယ်ဆိုပြီး....
လက်ရှိခေတ်အနေအထား ကောင်းကြောင်း ဥပမာပေးပြီး ဟောပြောဖူးတာ မှတ်သားဖူးပါတယ်..

တကယ်လည်း ကောင်းတဲ့ ခေတ်ပါ.....
အင်တာနက်ပေါ်မှာ လူတိုင်း လေ့လာ သင်ယူတတ်မြောက်နိုင်ကြပါတယ်..။
(ချက်ခ်တင်ချည်းပဲ ထိုင်ချက်ခ်နေလို့တော့ မတတ်ဘူးပေါ့ဗျာ)  :D

အဲဒီလို လေ့လာသင်ယူတတ်ဖို့ အခြေခံကျတဲ့ အကြောင်းလေးကို
ကျနော် ဒီနေ့ ပြောပြပေးသွားပါ့မယ်..။

အင်တာနက်အသုံးပြုလို့ရတဲ့ Mobile ဖုန်းတိုင်းမှာ "Internet" ဆိုတဲ့
Browser ဆိုတာပါရှိပါတယ်....
ထို Browser ကတဆင့် မိမိလိုချင် ၊ သိချင်တာတွေကို (တာဝတိံသာ ကနေ အဝီစိအထိ) အလွယ်တကူရှာဖွေနိုင်ပါတယ်.. :)


Browser ကိုဖွင့်လိုက်ပါ.. (Google) www.google.com ကိုတော့ သိကြမှာပါ....
ရှာဖွေရေး အင်ဂျင်တွေထဲမှာတော့ တကယ့်အကောင်းဆုံးပါပဲ....
သိလိုတဲ့ အကြောင်းအရာကို ရိုက်ရှာလိုက်မယ်ဆိုရင် 80% လောက်အထိ
မှန်ကန်စွာ ရှာဖွေပေးပါတယ်...။


ဥပမာ။ ။ Video တွေ ဒေါင်းလို့ရတဲ့ TubeMate ဆိုတဲ့ Software ကို
လိုချင်လို့ ရှာတော့မယ်ဆိုပါစို့..
www.google.com မှ Search Box ထဲမှာ TubeMate.apk လို့ရေးထည့်ပြီး
Search လုပ်လိုက်ပါ...
(နောက်က ထည့်ပေးတဲ့ .apk ဆိုတာ Android ဖုန်းအတွက်ပါလို့ ရည်ညွှန်းတာပါ)
TubeMate နဲ့ ပါတ်သက်ပြီး နီးစပ်ရာတွေကို Google က ချပြပါလိမ့်မယ်..
(အတိအကျ ဘယ်နေရာမှာ ဒေါင်းယူနိုင်ပါတယ်လို့တော့ ပြမထားဘူးပေါ့နော်) ...:)


မြန်မာ Website တွေမှာ ရှာချင်တယ်ဆိုရင် TubeMate နောက်မှာ "ကို" "က" ဆိုပြီး
မြန်မာစာလုံး တစ်လုံးစ နှစ်လုံးစ ရေးပြီး ရှာလိုက်ပါ....
အဲ့ဒီ Software တင်ထားတဲ့ နီးစပ်ရာ မြန်မာ Website တွေချပြပါလိမ့်မယ်..


အဆင်ပြေမယ်ထင်တဲ့ Website တစ်ခုကို ဝင်ပြီးဒေါင်းယူနိုင်ပါတယ်...
ဥပမာအနေနဲ့ဆိုဒ်တစ်ခုမှာဝင်ဒေါင်းပြလိုက်ပါတယ်။

       
    

အဆင်မပြေရင် Back နဲ့ ပြန်ဆုတ်ပြီးနောက်တနေရာမှာ ရှာကြည့်ပါ...
ဒီလိုနဲ့ ရှာရင်း ဖွေရင်း မိမကိုယ်တိုင် ရှာဖွေတတ်သွားပါလိမ့်မယ်..။
အဲဒါကတော့ Google ပေါ်ကနေ ရှာဖွေနည်း အခြေခံပါ....

နောက်တစ်ခုကတော့ သက်ဆိုင်ရာ Website ၊ Forums ထဲမှာ မိမိလိုချင် ၊
သိချင်တာကို ရှာဖွေတဲ့ နည်းပါ...
အင်တာနက်ပေါ်က Website တွေ Forums တွေကို သတိထားကြည့်ကြည့်ပါ....
Search Box  ဆိုတာ ရှိပါတယ်  အများအားဖြင့် ဆိုက်ဒ်တခုရဲ့
အပေါ် ထိပ်နားမှာ ရှိတတ်ပါတယ်...

ဒီလို သင်္ကေတလေးနဲ့ပါ......

Website တစ်ခုမှာ နေ့စဉ်နှင့်အမျှ Posts တွေ တင်နေတာဖြစ်လို့ ကြာလာတာနဲ့အမျှ 
Posts တွေဟာလည်းထောင် ၊ သောင်းမက များပြားရင်း များပြားနေမှာပါ...
အဲဒီ အများကြီးထဲမှ မိမိလိုချင် သိချင်တာမျိုးရှိလို့ Web Page တခုချင်း
လှန်ရှာနေမယ်ဆိုရင် တော့ တော်တော်နဲ့ တွေ့နိုင်မယ် မထင်ပါဘူး...
အဲ့ဒီအတွက် အချိန်ကုန်စေခြင်းမဖြစ်ရလေအောင် Search Box ဆိုတာကို
Website တိုင်းမှာ ထည့်ပေးထားကြတာပါ...။

အဲ့ဒီ Search Box ကိုတွေ့အောင်ရှာပါ...  တွေ့ရင်.... 
စောစောက Google မှာရေးရှာသလို သိချင်တဲ့အကြောင်းအရာကို ရေးပြီး ရှာနိုင်ပါတယ်..
ဒီလိုနဲ့ပဲ.....  မိမိကိုယ်တိုင် ရှာဖွေတတ်သွားမှာဖြစ်ပါတယ်..။
===============================================

နောက်.... Download ဆွဲတာနဲ့ ပါတ်သက်ပြီး အဓိကပြောချင်ပါတယ်....
တခုခုလိုအပ်လို့ Download ဆွဲတော့မယ်ဆိုရင်....
Download Link ကို နှိပ်လိုက်တဲ့အခါ ...  ဒေါင်းရမဲ့နေရာ ကို မရောက်ပဲ
Adfly လို့ခေါ်တဲ့ကြော်ငြာတဲ့ နေရာကိုရောက်သွားပြီး ကြမှာပါ.....
5 စက္ကန့့် စောင့်ပေးရတာမျိုး Download ဆွဲဖူးသူတိုင်း သိကြမှာပါ။
(စိတ်ရှုပ်၊မျက်စိရှုပ်စေတဲ့အပြင် အချိန်လည်းကုန်ပါတယ်)
5 စက္ကန့်စောင့်ပြီး ....
Skip AD ကို နှိပ်လိုက်ပါတယ်....
ဒေါင်းရမဲ့ နေရာကိုရောက်ပြန်တော့လည်း....
ကြော်ငြာတွေနဲ့ ပြည့်နေလို့  ဘယ် Download Button ကို နှိပ်ပြီး ဒေါင်းယူရမှန်း
မသိနိုင်ပြန်ပါဘူး...



(တချို့ User တွေက Download Button ကို မှားနှိပ်ပြီး ဒေါင်းယူ Install လုပ်တတ်ကြပါတယ်)
Download Page တစ်ခုလုံးမှာလည်း ကြော်ငြာတွေ ၊ Download Button တွေနဲ့
ပြည့်နှက်နေကြပြန်ပါတယ်..။
ဒီကြားထဲ သင့် ကွန်ပျူတာ/ဖုန်းမှာ Flash Player /Converter မရှိဘူး..
ဒီမှာ နှိပ်ပြီး Download လုပ်ယူပါ... ဆိုတာမျိုး ...
ဟိုဟာသွင်းပါ .. ဒီဟာယူပါ .. ဒီ Software မရှိရင် ရုပ်ရှင်ကြည့်လို့ မရနိုင်ဘူး...
iPhone 6 , Galaxy Note 5 , S7 လိုချင်လား Free ပေးမယ်
သင့်စက်ထဲမှာ Virus ကဘယ်နှကောင်ရှိနေပါတယ်...
ဒါကိုနှိပ် Install လုပ်ပြီး သတ်လိုက်ပါ.... အစ ရှိသဖြင့်.....
နှိပ်ချင်အောင် ၊ နှိပ်မိအောင် လှုပ်လှုပ် ရွရွ နဲ့  ခုန်ပေါက်နေကြပါတယ်...။
သူတို့ကို နှိပ်မိလိုက်တာနဲ့ Page တစ်ခု (New Window) အလိုလျှောက်ပွင့်သွားစေပါတယ်...
အဲ့ဒီ Page မှာလည်း သင့်စက်ထဲက WeChat ၊ Whatapp Version က
Old Version ဖြစ်နေပါတယ်Version အသစ်ကို ဒီမှာ နှိပ်ပြီး
ဒေါင်းယူပါဆိုပြီး  Vibration တုန်ခါမှုတွေနဲ့ တကယ်အဟုတ်
အထင်ရောက်စေသွားအောင် လုပ်ထားကြပြန်ပါတယ်...
Cancel သို့မဟုတ်  Back ကို ဘယ်လောက် နှိပ်နှိပ် တော်ရုံနဲ့ ပေးမထွက်ပါဘူး...
Cancel / Back  ကို နှိပ်လို့ရတော့လည်း ....
တကယ်ထွက်သွားတော့မလို့လား...  နေပါဦး နောင်ကြီးရာ...
ရောက်တုန်းရောက်ခိုက် ဘာညာသာရကာဆိုပြီးဇွတ်အတင်းဆွဲခေါ်နေပါသေးတယ်...
၃/၄ ချက်နှိပ်ပေးပြီးမှ ပြန်ထွက်လို့ရတတ်ပါတယ်။

သတိထားမိသလောက်ပြောရရင် အင်တာနက်ပေါ်က 90% သော
Website တွေဟာပိုက်ဆံရဖို့ကိုပဲ အဓိကရည်ရွယ်ပြီး.....
အခုလိုကြော်ငြာ Page တွေကို ကြားခံပြီး မျှဝေနေကြတာပါ...
တချို့တိုင်းပြည်က Website တွေဆိုရင် ၄/၅ ကြိမ်လောက် နှိပ်ပေးရတတ်ပါတယ်။

ဒီနေရာမှာ..............

အတွေ့အကြုံ မရှိသေးသူတစ်ယောက်က လက်ကိုင်ဖုန်းကနေတဆင့်
ဒေါင်းယူခဲ့မယ်ဆိုရင်... ကျနော်ထင်ပါတယ် ဒေါင်းမရဘူးကွာဆိုပြီး
လှည့်ပြန်သွားပါလိမ့်မယ်... တင်ပေးတဲ့ ဝက်ဘ်ဆိုက်ဒ်ကို ပြန်သွားပြီး 
ဒေါင်းမရတဲ့အကြောင်း (သို့) Virus ဖြစ်နေပါတယ် ဆိုပြီး
ပေါက်ကရ ရေးသွား / ဆဲသွားပါလိမ့်မယ်... :D
Download Button ကိုနှိပ်ပြီးရင်လည်း  မိမိဖုန်းကို သတိထားကြည့်ပါ...
တခါတရံ မိမိလိုချင်တဲ့ Software မဟုတ်ပဲ Virus ၊ Launcher ၊ APK တစ်ခုခုကို
အော်တိုမက်တစ် ဒေါင်းယူနေတတ်ပါတယ်..
(၁၀)ချက်နှိပ်ရင် (၁၀)ခု အော်မက်တစ် ဒေါင်းယူနေတတ်တာပါ။

ဒေါင်းယူပြီတဲ့အခါမှာလည်း Software ကို တောက်လျှောက် Install မလုပ်ပါနဲ့ဦး...
မိမိလိုချင်တဲ့ Software ဟုတ် မဟုတ် သေချာစစ်ဆေးပါ။
သေချာပြီဆိုမှ Install လုပ်ပါ..။

အဲ့ဒီလိုတွေ မဖြစ်ချင်ဘူးဗျာ...
တခြားအလွယ်တကူဒေါင်းယူလို့ရမဲ့ နည်းလမ်းလေးများ မရှိဘူးလားလို့ မေးလာခဲ့ရင်.....
ဟုတ်ကဲ့ "ရှိပါတယ်ခင်မျ"
 မိမိဒေါင်းယူချင်တဲ့ Website ဆိုက်ဒ်တခုခုမှာ Register လုပ်  $ ပေးပြီး Premium Account (VIP) နဲ့ ဒေါင်းယူနိုင်ပါတယ်။
Full Version ရတဲ့အပြင် ဖန်ရှင် အပြည့်အစုံနဲ့ စိတ်ချမ်းသာစွာ အသုံးပြုနိုင်ပါသေးတယ်..။
ကျနော်ထင်ပါတယ် စီးပွားရေးလုပ်နေသူလောက်ကလွဲပြီး Software လေးတစ်ခုအတွက် $ ပေးပြီး ဒေါင်းယူရမယ်ဆိုရင် ဘယ်သူမှ ဒေါင်းယူကြမယ် မထင်ပါဘူး.... :D


အခုဖိုင်တင်တဲ့သူတွေမြန်မာမှာတော့ pCloud ကိုတော်တော်အသုံးများနေကြပါတယ်။
သူလည်းအရင်ကအားလုံး 12 GB Free ပေးပါတယ်။
ဝင်ဒေါင်းတဲ့အခါမှာလည်း Traffic လည်းမပိတ် ကြော်ငြာတွေလည်းမထည့်ထားတော့ ကြော်ငြာတွေလည်းမမြင်ရပါဘူး။
ဒါကြောင့်ဝင်ဒေါင်းတဲ့သူတွေအတွက်တော်တော်အဆင်ပြေပါတယ်။
ဒါပေမယ့်အခုအခါမှာတော့ ဖိုင်တစ်ခုကိုလူဝင်များလာရင် Traffic ပိတ်ပစ်ပါတယ်။
အောက်ကပုံက Traffic ပိတ်သွားတဲ့ပုံပါ။

ဒေါင်းချင်ရင် ဒေါင်းချင်တဲ့သူက pCloud မှာအကောင့်တစ်ခုဖွင့်ပြီး အဲ့ဒီဖိုင်ကိုကိုယ့်ရဲ့
pCloud အကောင့်ထဲ Save ပေးရပါတယ်။
ပြီးမှကိုယ့်အကောင့်ထဲသွားပြီးဒေါင်းပေးရတာပါ။
ဒါကိုလုပ်တတ်တဲ့သူတွေကပြဿနာမရှိပေမယ့် မလုပ်တတ်တဲ့သူကတေ့ာ
မရဘူးဆိုပြီးပြန်လှည့်ထွက်ကြမှာအမှန်ပါ။
ဒါပေမယ့်ကျနော်တို့အင်တာနက်မှာ ကိုယ်မသိတဲ့အရာတစ်ခုကိုသိအောင်လုပ်ဖို့
Google ကိုကောင်းကောင်းအသုံးချလို့ရတယ်ဆိုတာ အထက်မှာပြောပြီးခဲ့ပါပြီ။
အဲ့တော့မသိရင် Google မှာရှာကြည့်ပါ။
pCloud ကလူသုံးများတော့ တကယ်လို့ Traffic ပိတ်သွားရင်
ကျနော်ပြောသလိုလုပ်လိုက်ပါ။၊
အကောင့်တစ်ခုဖွင့်ပြီး ကိုယ့်အကောင့်ထဲကို Save လိုက်ပါ၊။
ပြီးရင်ကိုယ့်အကောင့်ထဲသွားပြီး လွယ်လွယ်ကူကူဒေါင်းယူနိုင်ပါပြီ။
နောက်တစ်ခုကတော့ pCloud မှာလည်းအခုကြော်ငြာတွေထည့်လာပါပြီ။
လာဒေါင်းတဲ့သူတွေကြော်ငြာတစ်ခုနှစ်ခုမြင်ရပါလိမ့်မယ်။
ဒါပေမယ့်လောလောဆယ်မှာတော့ တခြား File Hosting ဆိုက်တွေထက်
စာရင်တော့တော်ပါသေးတယ်လို့ပဲပြောရပါလိမ့်မယ်။
နောက်ပိုင်းတော့ဘယ်လိုလာမလဲမပြောတတ်သေးပါ။
ကျနော်တို့ဆိုက်မှာတော့ ဖိုင်တွေတင်ဖို့ pCloud ကိုပဲအသုံးပြုထားပါတယ်။
ဖိုင်အားလုံးကိုလည်း Adfly လို့ခေါ်တဲ့ကြော်ငြာတွေခံထားပါတယ်။
ဒါပေမယ့်ဒေါင်းနည်းတွေကို Post စာနဲ့ရောပုံနဲ့ပါ တိုင်းမှာပြပေးထားပါတယ်။
ဒါကိုမှမရှင်းသေးရင် Video နဲ့ပါကြည့်ဖို့လင့်ညွှန်းထားပါသေးတယ်။
ဒေါင်းနည်းကလွယ်လွယ်လေးပါ။


(100% Free) လို့ နာမည်တပ်ထားသည်ထိအောင် အဲ့ဒီ Free နောက်မှာ ကိုယ်မမြင်နိုင် မသိနိုင်တာတွေအများကြီးရှိနေတတ်ပါတယ်..။
ကျနော်တို့ မြန်မာလူမျိုးတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်....
"လေ" များ ဝယ်ရတာမှတ်လို့ "အလကား" ရတယ်  ဆိုတဲ့ စကားပါ။
တကယ်တော့ အလကားမရပါဘူးခင်မျာ... အဲဒီ "လေ" ကိုရဖို့ ခန္တာကိုယ်ကြီးတစ်ခုလုံးနဲ့ ရင်းထားရတာပါ.. :D

အားလုံး လေ့လာ သင်ယူတတ်မြောက်နိုင်ကြပါစေ......

သည်းခံပြီး ဆုံးအောင်ဖတ်ပေးတဲ့အတွက်လည်း

ကျေးဇူးအများကြီးတင်ပါတယ်ခင်မျာ.... :)

ယခု ပိုစ့်လေးကို ကိုဝင်းကမ္ဘာကျော်ဆိုဒ်ကနေပြီး ပြန်လည်ရယူဖော်ပြပေးလိုက်တာပါခင်ဗျာ....။




Thank You :)