All in One: ကွန်ပျူတာမှာ Android apk icon ပေါ်အောင်လုပ်နည်း

Monday, August 1, 2016

ကွန်ပျူတာမှာ Android apk icon ပေါ်အောင်လုပ်နည်း


Windows ကွန်ပျူတာပေါ်မှာ Android ဖုန်းက icon တွေမြင်လို သူများအတွက်
ApkShellExt2_0.1.5961 ဆိုတဲ့ Bat ဖိုင်လေးတင်ပေးလိုက်ပါတယ်။
Apk တွေကိုကွန်ပျူတာကနေဒေါင်းတာပဲဖြစ်ဖြစ် ကွန်ပျူတာမှာလာသိမ်းထားတာပဲဖြစ်ဖြစ်
ကွန်ပျူတာက Apk တွေရဲ့ icon တွေကိုအောက်ပါပုံလိုမျိုးမမြင်ရပါဘူး။


ဒါကြောင့်ဒီ Apk ကဘယ်ဟာဆိုတာ နာမည်ကြည့်ပြီးခွဲခြားနေရတဲ့အတွက်
Apk icon တွေမြင်လာရအောင်အမျိုးမျိုးလုပ်လာကြတယ်။
icon တွေမမြင်ရရင်ဘာမှတော့မဖြစ်ပေမယ့် ကျနော်ကတော့
နည်းနည်းတော့ကသိကအောင့်ဖြစ်လို့ပါ။
တခြားသူတွေလည်းမြင်ချင်ကြမှာပါ လာမေးနေသူတွေလည်းရှိပါတယ်။
တခြားနည်းအများကြီးရှိပါသေးတယ်။
ဒီနည်းကတော့ကွန်ပျူတာပေါ်မှာ Apk icon တွေမြင်ရဖို့အလွယ်ကူဆုံးနည်းလေးပါ။
သုံးရတဲ့ Bat ဖိုင်လေးကလည်း 1.1 MB ပဲရှိပါတယ်။
လိုအပ်တဲ့ဖိုင်ကိုအောက်မှာပေးထားတဲ့လင့်ကနေသွားဒေါင်းလိုက်ပါ။
အခုမှနည်းပညာအကြောင်းလေ့လာနေတဲ့သူများ မသွင်းတဲ့သူများအတွက်
အောက်မှာပုံနဲ့ပြပေးထားပါတယ်။



Download File Here!


ဒေါင်းလို့ရလာတဲ့ zip ဖိုင်လေးကိုအောက်ပါပုံလိုမျိုး Right Click ထောက်ပြီး
Winrar သုံးပြီး Extract Here နဲ့ပဲဖြစ်ဖြစ်ဖြည်ချလိုက်ပါ။


ပြီးရင်ဖြည်ချလိုက်တဲ့ဖိုင်တွေထဲက install.bat ကိုရှာလိုက်ပါ။
တွေ့ကိုသူ့ကို Double Click နဲ့ဖွင့်လိုက်ပါ။
ဒါဆိုသူ့ဘာသာအော်တို Install လုပ်သွားပါလိမ့်မယ်။


အောက်ကပုံလိုမျိုးဆို install လုပ်လိုက်ပြီးသွားပါပြီ။
Apk ဖိုင်တွေကိုသွားကြည့်လိုက်ပါ။

အောက်ကပုံလိုမျိုး Apk ဖိုင်တွေကိုမြင်ရပါပြီ :D
ပြီးပါပြီ...



Thank You :)

No comments:

Post a Comment