All in One: Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား Artisto App ထွက်ပေါ်လာ

Thursday, August 4, 2016

Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား Artisto App ထွက်ပေါ်လာ

Artisto - free video editor app with art filters and photo effects for any selfies, pictures, movies, animation and documentary

Prisma လိုမျိုး ဗီဒီယိုတွေရိုက်လို့ရတဲ့ app တစ်ခုလောက်ရှိရင် ကောင်းမှာပဲလို့ တောင်းဆိုနေသူတွေအတွက် တကယ့်အမိုက်စား App အသစ်တစ်ခုထွက်ပေါ်လာပါပြီ။


Artisto လို့ ခေါ်တဲ့ ယခု အက်ပလီကေးရှင်ဟာ ဗီဒီယိုတွေမှာလဲ Prisma လိုမျိုး အနုပညာဆန်ဆန် filter တွေထည့် ရိုက်ကူးထားနိုင်ပြီး၊ Android ကော iOS မှာပါ
ထွက်ရှိလာတာဖြစ်ပါတယ်။
Artisto မှာ ရွေးချယ်စရာ filter တွေအများအပြားပါရှိပြီး၊ တစ်ချို့က Prisma က filter တွေနဲ့အတူတူပဲဖြစ်ပေမယ့်၊ လုံးဝမတူတဲ့ filter တွေလည်းပါရှိပါတယ်။ ခလုတ်တစ်ချက်အတွင်းမှာ ဗီဒီယိုကို အနုပညာသက်ဝင်မှုတွေ ထည့်သွင်းပေးနိုင်ပြီး၊ ဆိုရှယ်မီဒီယာမှာ အဆင့်သင့်တင်၊ share (ကြွား) ဖို့ပဲ လိုမှာဖြစ်ပါတယ်။
iPhone Screenshot 2 iPhone Screenshot 1

My.com က ထုတ်လုပ်ထားတဲ့ Artisto အက်ပလီကေးရှင်းရဲ့  နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့ ဗီဒီယိုတွေကို ကူးပြောင်းရမှာ စက္ကန့်ပိုင်းလောက်သာကြာပြီး၊ လုပ်ဆောင်ချက်တော်တော် မြန်ပါတယ်။
AI နည်းပညာသုံး ဓာတ်ပုံမွမ်းမံဆော့ဖ်ဝဲတွေ အပြိုင်အဆိုင်ထွက်ပေါ်လာမှာကြောင့် App စျေးကွက်ဟာ ပိုမိုစိတ်ဝင်စားဖို့ ကောင်းလာပြီး၊ Prisma အနေနဲ့လည်း သူ့ပရိတ်သတ်တွေကို ဆွဲဆောင်ထားဖို့အတွက် ဗီဒီယို Mode ကို မကြာခင်ထုတ်ပေးသွားတော့မယ်လို့
သိရပါတယ်။
Artisto အက်ပလီကေးရှင်းကို App Store မှာတော့ အဆင်သင့်ဒေါင်းလုဒ်ယူနိုင်မှာဖြစ်ပြီး၊ Android များအတွက် Google Play မှာတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက် မထုတ်ပေးသေးတာကြောင့် တိုက်ရိုက်ဒေါင်းယူလို့မရနိုင်သေးပါဘူး။ အောက်ပါပေးထားတဲ့လင့်ကနေ သွားရောက်ဒေါင်းယူနိုင်ပါတယ်။ ကိုယ်တိုင် play Store ကနေဒေါင်းချင်ရင်တော့ VPN ကျော်ပြီးဒေါင်းရမှာပါ။ အောက်ကလင့်မှာတော့ pCloud မှာတင်ပေးထားတာကြောင့်
Free အသင့်ဒေါင်းယူရုံပါပဲ :D


Download Artisto Apk Here!


Ref ; digitaltimes.com.mm

Thank You :)

No comments:

Post a Comment