All in One: Galaxy Note 7 နဲ့ Note 5 တို့ကိုနှိုင်းယှဉ်လေ့လာခြင်း

Wednesday, August 3, 2016

Galaxy Note 7 နဲ့ Note 5 တို့ကိုနှိုင်းယှဉ်လေ့လာခြင်း

Samsung ဟာ ၎င်းရဲ့ နာမည်ကျော် Galaxy Note စီးရီးများထဲမှ နောက်ဆုံးထွက် Note များကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အချက်အလက်အပြည့်အစုံ မပါပေမယ့် Galaxy Note 7 ဟာ ယခုစီးရီးရဲ့ ခြောက်ခုမြောက် မျိုးဆက်ဖြစ်ပြီး Galaxy Note 5 ကို တိုက်ရိုက်ဆက်ခံတဲ့ ထုတ်ကုန်တစ်ရပ် ဖြစ်ပါတယ်။
ယခင်ထုတ်အမျိုးအစားတွေနဲ့နှိုင်းယှဉ်လို့ နောက်ဆုံးထွက်လာတဲ့ ပစ္စည်းမှာ ဘယ်လောက် upgrade လုပ်ထားသလဲဆိုပြီးသိချင်ကြတာ သဘာဝကျပါတယ်။ အခု Samsung ရဲ့ Galaxy Note 7 နှင့် Note 5 ကို အသေးစိတ်သုံးသပ်ဖော်ထုတ်လိုက်ပါတယ်။


Galaxy Note 7 ဟာ Note 5 မှာတွေ့ခဲ့ရသလို သတ္ထုနဲ့မှန်သားကို ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ သို့သော်လည်း ယခုထွက် Note အသစ်မှာတော့ ပိုပြီး ရှင်းရှင်းသန့်သန့်ရှိပြီး ကိုင်တွယ်ရတာလည်း ပိုပြီး အဆင်ပြေပြေရှိပါတယ်။ ယခင် Note မှာတွေ့ရခဲ့တဲ့ ပြားတဲ့မျက်နှာပြင်ဘက်နဲ့ အနားစောင်းတွေအစား Galaxy Note 7 ရဲ့ သတ္ထုဘောင်ကတော့ ပိုပြီး ထောင့်စွန်းတွေ လုံးဝန်းပြီး Galaxy S7 Edge ရဲ့ ဒီဇိုင်းနဲ့သွားဆင်ပါတယ်။ Galaxy Note 7 ဟာ Note 5 ထက် ပိုပြီး အနားကျဉ်းပါတယ်။ သူက 2 mm ပိုပြီး အနံကျဉ်းတယ်ဆိုပေမယ့် ဒါကပဲ လက်တစ်ဘက်နဲ့ကိုင်တွယ် လုပ်ဆောင်ရာမှာ အများကြီးလွယ်ကူသွားစေတဲ့ ခြားနားချက်ကြီးတစ်ခု  ဖြစ်ပါတယ်။



ထုထည်ပိုင်းတစ်ခုလုံးမှာ ကွဲပြားမှုအနည်းငယ်ပဲရှိပြီး စမတ်ဖုန်တွေရဲ့ မျက်နှာပြင်အရွယ်အစားမှာတော့ အရွယ်အစားဟာ Quad HD ရုပ်ထွက် 5.7 လက်မရှိတဲ့ Super AMOLED မျက်နှာပြင်ဆိုပြီး အတူတူပါပဲ။ display ပိုင်းမှာတော့ နှစ်မျိုးစလုံးဟာ အရည်အသွေးမြင့် Samsung စမတ်ဖုန်းတွေမှာ လာနေကြပုံအတိုင်း ရင်သပ်ရှုမောလောက်အောင် ကောင်းမွန်ပါတယ်။ ဒီနှစ်ခုအကြား ခြားနားချက်ကြီးကတော့ Galaxy Note 7 ဟာ Galaxy S7 Edge မှာတွေ့ရသလိုမျိုး အနားကွေးပါတဲ့ display ပါဝင်တာဖြစ်ပါတယ်။
အကွေးပိုင်းကလည်း S7 Edgeလိုပဲ အလွန်ကြီးကွေးမနေဘဲ ဆင်သယောင်လေးတွေ့ရတာဖြစ်လို့ သိသာပါတယ်။ Galaxy Note 7 ရဲ့ဘေးတန်းတွေဟာ S7 Edge ရဲ့ ဘေးနားတန်းထက်စာရင် ပိုပြီး ထူထဲပါတယ်။ ဒီတော့ လက်ဖဝါး လက်ချောင်းထဲကနေ မတော်တဆ လွတ်ကျတာမျိုး မဖြစ်တော့ပါဘူး။ အနားစွန်း UX feature တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ဖန်တီးကြပါတယ်။ Apps Edge ၊ People Edge ၊ Tasks Edge စသည်ဖြင့် သူ့အပိုင်းနဲ့သူကို လက်ညှိုးနဲ့သာမန်ု ဟိုဒီ swipe လုပ်လို့ရပါတယ်။

Galaxy Note 7 ဟာ Galaxy S7 နဲ့ Galaxy S7 Edge မှာ ပထမဆုံး မိတ်ဆက်ထည့်သွင်းခဲ့တဲ့ Always On display feature နဲ့လာတာ ဖြစ်ပါတယ်။ ဒါဟာ သင့်ဖုန်းမှာ ရှိတဲ့ နာရီတို့ပြက္ခဒိန်တို့လို အချက်အလက်မျိုး  တွေကို ဖျပ်ခနဲ ကြည့်လို့ရအောင်လုပ်ထားပါတယ်။ ဒီ ဆော့ဖ်ဝဲလ်ဟာ Galaxy Note 5 ထက်ပိုတဲ့ feature လည်း ဖြစ်ပါတယ်။


ports ပေါက်တွေနဲ့ ခလုတ်တွေကတော့ ပုံမှန်နေရာမှာပဲ ရှိထားတာပါ။ ဒီဖုန်းနှစ်လုံးရဲ့ အောက်ခြေမှာ နားကြပ်ပေါက် ၊ စပီကာယူနစ်တစ်ခု နဲ့စပီကာနားမှာရှိတဲ့ slot ပေါက်ထဲမှာထည့်ထားတဲ့ S Pen တစ်ခု ပါရှိပါ တယ်။ ဒါပေမယ့်လည်း Galaxy Note 7 မှာ USB Type – C ကို သုံးထားတာကို တွေ့ရပါတယ်။
ဒီဖုန်းဟာ မြန်ဆန်တဲ့ အားသွင်းမှုနဲ့ ဝိုင်ယာကြိုးမဲ့ အားသွင်းနိုင်စွမ်းများပါရှိထားပြီး ဘက်ထရီကတော့ 3500 mAh ဖြစ်လို့အဆင်သင့်ပါပဲ။ ဘက်ထရီရဲ့ စွမ်းရည်နဲ့ပတ်သတ်ပြီး ပြောရရင် Galaxy Note 7 features ဟာ Galaxy Note 5 မှာပါတဲ့ ဘက်ထရီ 3000 mAh နဲ့နှိုင်းယှဉ်ရင် ပိုပြီး ကြီးမားတဲ့ ဘက်ထရီပါဝင်လာတာ ဖြစ် ပါတယ်။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ဘက်ထရီရဲ့ သက်တမ်းနဲ့စွမ်းရည်ကို စောင့်ကြည့်ရပါဦးမယ်။

ပြီးခဲ့တဲ့နှစ်က Galaxy Note 5 မှာ storage ပိုင်းရွေးစရာတွေ အမြောက်အများနဲ့ထွက်ရှိလာခဲ့တာပါ။ ယင်း ဖုန်းမှာတော့ expandable storage မပါပါဘူး။ သုံးစွဲသူတွေဟာ သူတို့ရဲ့လိုအပ်ချက်အတိုင်း ပြည့်မီတဲ့ storage မြင့်တဲ့ဖုန်းကို ရွေးရပါတယ်။ Galaxy Note 7 မှာတော့ storage option အနေနဲ့ 64 GB အသေ ပါဝင် လာတာဖြစ်ပြီး expandable storage ကို microSD cards ကနေတစ်ဆင့် အပိုသိုလှောင်မှုအနေနဲ့ 256 GB အထိ ဆန့်ပါတယ်။


Galaxy Note စီးရီးတွေမှာ နောက်ထပ် features တွေမှာ ညစ်ပတ်ပေရေတာနဲ့ရေစိုဒဏ်ခံနိုင်မှု ကိုလည်း ထပ်ထည့်ပေးရပါမယ်။ ဒီလို အကာအကွယ်ပေးထားခြင်းဟာ ဖုန်းအတွက်ပဲ မဟုတ်ဘဲ ပါလာတဲ့ S Pen အတွက်လည်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လိုအပ်ရင် ရေအောက်မှာ စာရေးလို့ရနိုင်ပါတယ်။ S Pen တွေက အဆင့်မြင့်လာပါပြီ။ pen က ပိုပြီးတိုတောင်းလာပြီး ဖိအားပေါ်အာရုံခံနိုင်စွမ်းက ပိုမြင့်လာသလို ထိပ်ဖျားက စာရေးတဲ့အပိုင်းကလည်း သာမန် ဘောပင်တစ်ခုအရွယ်ပဲဖြစ်လာပါတယ်။ ဒီတော့ တိကျတဲ့ စာရေးသားချက်တွေကို ရေးထုတ်လို့ရနိုင်ပါပြီ။


Galaxy Note 5 မှာလိုပဲ Galaxy Note 7 ဟာ Home ခလုတ်ရဲ့မျက်နှာပြင်ပေါ်မှာ ထည့်ထားတဲ့ လက်ဗွေစကင်နာတစ်ခုလည်း ပါလာပါတယ်။ Galaxy Note 7 မှာတော့ biometric security အဖြစ် မျက်စိကို စကင်ဖတ်လို့ရတဲ့ iris scanner နဲ့လည်း လာတာဖြစ်ပါတယ်။ မျက်စိကို စကင်ဖတ်ဖို့ အနီအောက်ရောင်ခြည် ကို သုံးပါတယ်။ ဒီတော့ အလင်းမလိုလဲ စကင်ဖတ်နိုင်ပါတယ်။ ဓါတ်ပုံသုံးပြီး စကင်ဖတ်လို့တော့ မရနိုင်ပါဘူး။  ခြုံပြောရမယ်ဆိုရင် Samsung ရဲ့ ရှိရင်းစွဲ စိတ်ချယုံကြည်ရတဲ့ လက်ဗွေစကင်နာထက် ပိုပြီး ကောင်းမွန်တဲ့ လုံခြံရေးစနစ်တစ်ခုပါပဲ။


Galaxy Note 5 ဟာ Samsung Exynos 7420 processor ၊ RAM 4GB နဲ့လာတာဖြစ်ပါတယ်။ Galaxy Note 7 ဟာ Galaxy S7 စမတ်ဖုန်းတွေလိုပဲ processing ကအတူတူပါပဲ။ Snapdragon 820 processor (ဒေသအလိုက် Exynos 8890 လည်းဖြစ်) RAM 4GB ပါဝင်လာပါတယ်။ ကြည့်ရင်တော့ ဘာမှ upgrade လုပ်မထားဘဲ Galaxy Note 7 မှာပါတဲ့ 6GB နဲ့ယှဉ်ကြည့်ရင် စိတ်ပျက်ဖို့ကောင်းပါတယ်။ သို့သော်လည်း Galaxy Note 7 ဟာ အများကြီးစွမ်းအားပိုကောင်းပါတယ်။ ယခုဖုန်းနဲ့အတူတွဲပါလာတဲ့ Vulkan မှ ဂိမ်းတွေနဲ့ အတူ ဂိမ်းပိုင်းဆိုင်ရာမှာ Galaxy Note 5 ထက် အများကြီးပိုသာလွန်ပါတယ်။


Samsung Galaxy Note 5 ဟာ Galaxy S6 နဲ့ S6 Edge လိုပဲ 16MP အတူူတူပဲ သုံးထားတာဖြစ်ပြီး Galaxy Note 7 မှာလည်း Samsung ဟာ နောက်ဘက်ကင်မရာကို 12MP နဲ့ ရှေ့ဘက်ကင်မရာကို 5MP နဲ့လာပါတယ်။ Galaxy S7 မှာတွေ့ရတဲ့ ကင်မရာစွမ်းရည်အတိုင်းပဲ pixel အရေအတွက်ကို လျှော့ထာပြီး pixel size ကြီးကြီး သုံးတာက ဓါတ်ပုံပညာရပ်ဆိုင်ရာမှာ အလင်းနည်းနည်းနဲ့ရိုက်ကူးလို့ရနိုင်ပြီး Dual Pixel ရဲ့ အလွန်မြန်ဆန်တဲ့ အလိုအလျောက် မြင်ကွင်းချိန်တဲ့နည်းပညာလည်း ပါဝင်တာဖြစ်လို့ Galaxy Note 7 ဟာ စိတ်ပျက်စရာတော့ မဟုတ်ပါဘူး။
Samsung မှာ interface ကို ရှင်းလင်းရေးလုပ်တဲ့ ဆော့ဖ်ဝဲလ်တွေအများကြီး ရှိပါတယ်။ Galaxy Note 5 မှာလို features တွေအတူတူပါပြီး လက်တစ်ဖက်တည်းနဲ့swipe gestures သုံးကာအလွယ်တကူရှာလို့ရ  ပါတယ်။တစ်ချက်ကလေး ပွတ်လိုက်ရုံနဲ့ ကင်မရာမှာလုပ်လို့ရတာတွေရှိပါတယ် ။ ညာဘက်ကို swipe လုပ်ပြီး ပွတ်ဆွဲလိုက်တာနဲ့ camera mode အမျိုးမျိုးကို သုံးလို့ရနိုင်တာဖြစ်ပြီး အောက်ဘက်ကို ပွတ်ဆွဲချလိုက်ရင် ရှေ့ ဘက်ခြမ်းကင်မရာပွင့်လာပါတယ်။


ဆော့ဖ်ဝဲလ်ပိုင်းကဆိုရင် Galaxy Note 5 နဲ့Note 7 နှစ်ခုစလုံးဟာ Android 6.0 Marshmallow နဲ့ run နေတာဖြစ်ပါတယ်။ Samsung စမတ်ဖုန်းတွေပီပီ TouchWiz UI ကိုသုံးထားလို့ ပုံစံ ကတော့ အတူတူလောက်ပါပဲ။ software package ပိုင်းမှာ အဆင်ပြေပြေဖြစ်အောင်လုပ်ထားပြီး notification မှာ dropdown သို့မဟုတ် setting menu ကို ကြည့်ရင် သိသာပါတယ်။ နည်းနည်းပါးပါးပဲ ပြောင်းထားတာပါ။ သို့သော်လည်း အားလုံးက ကြည့်ရတာ ရှင်းရှင်းလင်းလင်းနဲ့TouchWiz interface ကလည်း ပိုပြီး အဆင်ပြေပြေ ဖြစ်နေတာကို တွေ့ရပါတယ်။


အက်ပလီကေးရှင်းပိုင်းမှာလည်း ရိုးရိုးရှင်းရှင်းရှိပါတယ်။ Galaxy Note 5 တုန်းကတော့ Action Memo ၊ Scrapbook နဲ့ S Note ဆိုပြီး အက်ပ်အမျိုးမျိုးပါခဲ့ပြီး ယခု Note 7 မှာတော့ Samsung Notes ဆိုပြီး တစ်ခုတည်းပေါင်းထားတဲ့ အက်ပလီကေးရှင်းပဲ ပါလာပါတယ်။ ဒါက ရိုးရှင်းရုံတင်မဟုတ်ဘဲ UI ပိုင်းမှာ မလိုတဲ့ အစိတ်အပိုင်းတွေကို လျှော့ထားပြီး ဖြစ်သွားပါတယ်။


Galaxy Note 7 ဟာ S Pen လုပ်ဆောင်ချက်အသစ်တွေနဲ့လာတာပါ။ Galaxy Note 5 မှာတုန်းက ပထမဆုံး မိတ်ဆက်ခဲ့တဲ့ Screen-Off Memo ဟာ အခုဆို Always On display ဆိုပြီး လာတာဖြစ်ပြီး ဖုန်းကို လော့ခ်ဖွင့်စရာမလိုဘဲ ရေးလို့ရနိုင်တာကို တွေ့ရပါတယ်။ အဲဒီမှတ်စုကိုလည်း ပိုပြီးကြီးတဲ့ မှတ်စု ဖြစ်အောင် Scroll လှိမ့်လို့ရပါတယ်။ S-Pen ဟာ စာသားနဲ့ပုံတေါကို ဘာသာပြန်ဖို့သုံးနိုင်ပါတယ်။ စကရင်ကို ချဲ့တာပြုတာလုပ်နိုင်ပြီး ရယ်စရာ GIF ပုံလေးတွေလည်း ဖန်တီးလို့ရပါတယ်။Galaxy Note 5 မှာဆိုရင် software update လုပ်မှ ဒီ features မျိုးတွေ လုပ်လို့ရတာဖြစ်ပေမယ့် Note 7 မှတော့ အတိအကျ ပါပြီးသား  ဖြစ်ပါတယ်။
ဒီတော့ အခုပြောခဲ့တဲ့အချက်တွေဟာ Galaxy Note 7 နဲ့ Note 5 အပေါ် အမြန်ရှပ်ပြီး ကြည့်ခဲ့တဲ့ အချက်တွေသာဖြစ်ပါတယ်။ iris scanner ၊ ဖုန်နဲ့ရေစိုဒဏ်ခံနိုင်မှု ၊ ပိုမိုကောင်းမွန်လာသည့် S-Pen လုပ်ဆောင် ချက် ၊ ပိုမိုကြီးမားလာသည့် ဘက်ထရီ ၊ အနည်းငယ်အသွင်ပြောင်းထားတဲ့ ဒီဇိုင်း တွေနဲ့အတူ Galaxy Note 7 ဟာ ထိုက်တန်တဲ့ နောက်မျိုးဆက်ဖုန်းတစ်လုံးဖြစ်ပြီး Samsung ဖန်တီးသမျှထဲမှာ အကောင်းမွန်ဆုံးသော Galaxy Note လည်း ဖြစ်ပါတယ်။
Wai Lin Aung (Myanmar Mobile App)


Thank You :)

No comments:

Post a Comment